Header Ads

သင့်နယ်ပယ်မှာ ကျွမ်းကျင်သူဖြစ်လာရေး နည်းလမ်းများ

(၁) သင့် customer တွေအတွက် ဆရာကောင်းတစ်ဦးဖြစ်အောင် လုပ်ပါ.။ သင့် Customer တွေကို သူတို့ မသိသေးတာတွေ သင်ကြားပေးနိုင်တဲ့သူ တစ်ဦး ဖြစ်လာအောင်လုပ်ပါ.။ သူတို့မေးခွန်းတွေကို ဖြေကြားပေးဖို့ ကြိုးစားရင်း ကိုယ့်ကိုယ်တိုင်ရဲ့ Skill တွေလဲ တက်လာပါလိမ့်မယ်.။

(၂) အားလုံးကို ကျေနပ်အောင်လုပ်ပေးဖို့မကြိုးစားပါနဲ့.။ ဖြစ်နိုင်ချေရှိတဲ့ Client အစုအဖွဲ့သေးသေးတစ်ခုကိုပဲ Focus လုပ်ပါ.။ ဒါဟာ သင့်ရဲ့ Marketing ကို ပိုမိုကောင်းမွန်စေပြီး သင်ကိုယ်တိုင်လဲ ကျွမ်းကျင်လာပါလိမ့်မယ်.။ (၃) သတင်း website တွေနဲ့ စာအုပ်စာစောင်တွေမှာ စာရေးပါ.။ သင်ကျွမ်းကျင်တဲ့အကြောင်းအရာတွေ ရေးသားထုတ်ဝေတဲ့ စာအုပ်စာစောင်တွေနဲ့ website တွေမှာ စာရေးသားခြင်းဖြင့် သင့် Skill တွေတက်လာတာတွေ့ရပါလိမ့်မယ်.။ စာရေးသားဖို့ လေ့လာနေရတဲ့အတွက် Knowledge တွေရော၊ စကားပြောဆိုရာမှာပါ ကျွမ်းကျင်လာတာတွေ့ရမှာပါ.။
(၄) Problem-solution အကြောင်းအရာနဲ့ပတ်သက်ပြီး စာအုပ်ရေးပါ.။ ကိုယ်ကျွမ်းကျင်တဲ့အပိုင်းထဲက ပြဿနာတွေကို ဖြေရှင်းပေးမယ့် နည်းလမ်းတွေ ပါဝင်တဲ့ စာအုပ်တစ်အုပ်ရေးပါ.။ အဲလိုရေးခြင်းအားဖြင့် ပြဿနာတွေကို သိလာပြီး၊ဖြေရှင်းရမယ့် နည်းလမ်းတွေကိုပါ လေ့လာပြီးဖြစ်ပါလိမ့်မယ်.။ ကိုယ့်ရဲ့ Self-marketing လဲကောင်းမွန်လာပါလိမ့်မယ်.။ (၅) စကားပြောပါ.။ Seminar တွေ Bar Camp လိုပွဲမျိုးတွေမှာ စကားပြောပါ.။ Presentation Skill နဲ့ Communicating Skill တွေ ကောင်းမွန်လာတာတွေ့ရပါမယ်.။ (၆) Interview များများလုပ်ပါ.။ FM တွေ၊ စာစောင်တွေနဲ့ podcast တွေမှာ အင်တာဗျူးတွေ ပါဝင်နိုင်ဖို့ ကြိုးစားခြင်းဖြင့် မိမိကိုယ်မိမိ ကြော်ငြာရာရောက်ပြီး Skill တွေလဲတက်လာပါလိမ့်မယ်.။ (၇) ယုံကြည်မှုတည်ဆောက်ပါ.။ မိမိရဲ့ ပါဝင်ခဲ့တဲ့ စာစောင်၊ စာအုပ်၊ အင်တာဗျူးနဲ့ အခြားအရာတွေကို မိမိရဲ့ Website မှာ တင်ခြင်း၊ Fan Page မှာဖော်ပြခြင်း စသည်အားဖြင့် မိမိအပေါ်မှာ ယုံကြည်မှုရှိလာအောင် တည်ဆောက်ပါ.။

No comments