Header Ads

အောင်မြင်မှုရဖို့ (သို့) ချမ်းသာဖို့ နည်းလမ်း (၂၁) ခု (Part 2)


(၁၁) အဓိပ္ပာယ်ရှိရှိနေထိုင်ပါ.။
ချမ်းသာတဲ့ပုဂ္ဂိုလ်များဟာ မဖြုန်းပါဘူး.။ အချို့သူများဟာ သူတို့ရတာထက် ပိုသုံးတဲ့အတွက် ချမ်းသာသူတွေ ဘယ်တော့မှ ဖြစ်မလာနိုင်ပါဘူး.။
အဓိပ္ပာယ်ရှိရှိနေထိုင်ပြီး ကိုယ်သုံးလိုက်တဲ့အချိန်၊ ပိုက်ဆံ၊ စွမ်းအင်များဟာ တန်ဖိုးရှိပါစေ.။

(၁၂) နေ့စဉ်စာဖတ်ပါ.။
အောင်မြင်သူအများစုဟာ နေ့စဉ် နာရီဝက်နဲ့အထက် စာဖတ်ပါတယ်.။ စာဖတ်ခြင်းဟာ ဗဟုသုတကို တိုးတက်စေရုံသာမက အတွေးအခေါ်
ပိုင်းကိုလဲ အထောက်အကူပြုပါတယ်.။ စာဖတ်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် မြှင့်တင်နိုင်သလို အောင်မြင်မှုရဖို့ နည်းလမ်းများလဲ ပွင့်လာစေမှာ
ဖြစ်ပါတယ်.။

(၁၃) TV ကြည့်ချိန်ကို ထိန်းချုပ်ပါ.။
အောင်မြင်သူများဟာ နေ့စဉ် TV ကြည့်ချိန် တစ်နာရီအောက်သာ ရှိပါတယ်.။ သင်ဟာ အောင်မြင်မှုရဖို့ အလုပ်လုပ်ရမယ့်အချိန်အတော်များများ
TV ရှေ့မှာ ကုန်ခဲ့ပြီးပြီဆိုတာ သင့်ကိုယ်သင် သတိထားမိပါရဲ့လား.။

(၁၄) လိုအပ်သည်ထက် ပိုအလုပ်လုပ်ပါ.။
မကပ်သတ်ပါနဲ့လို့ ဆိုလိုတာပါ.။ ဒီအလုပ်ဟာ ကိုယ်လုပ်ရမယ့်အလုပ်မဟုတ်ဘူးဆိုရင်တောင် ကူညီလုပ်ကိုင်ပေးပါ.။ စေတနာ့ဝန်ထမ်း
လုပ်ပေးပါ.။ အောင်မြင်သူတွေဟာ နေ့စဉ် အလုပ်အရမ်းလုပ်ကြပါတယ်.။ တွေ့သမျှအလုပ်အားလုံး အမြင်မတော်တာအားလုံး သိမ်းကျုံး
လုပ်ကြတာပါ.။ စေတနာထားပြီးလုပ်ပါ.။

(၁၅) နည်းနည်းပြော၊ များများနားထောင်ပါ.။
နားထောင်ခြင်းဟာ သင်ယူခြင်းဖြစ်ပါတယ်.။ ဒါကြောင့် လူတွေမှာ နားရွက်နှစ်ဖက်ရှိနေပြီး ပါးစပ်ကတော့ တစ်ပေါက်ထဲရှိတာ ဖြစ်ပါတယ်.။
သူများပြောတာတွေကို များများနားထောင်ခြင်းဖြင့် သင့်ကိုတိုးတက်စေရုံသာမက သူများတွေကိုလဲ ကူညီနိုင်စွမ်းရှိလာမှာဖြစ်ပါတယ်.။

(၁၆) လက်မလျှော့ပါနဲ့.။
အခက်အခဲတွေကြုံလာတဲ့အခါ လက်မလျှော့ပါနဲ့.။ အောင်မြင်တဲ့သူတွေဟာ လက်မလျှော့တတ်ကြပါဘူး.။ မဖြစ်ဖြစ်အောင်လုပ်တတ်
ကြပါတယ်.။ သူတို့ဟာ လမ်းကြောင်းပြောင်းရင်ပြောင်းသွားလိမ့်မယ်၊ ဒါပေမယ့် ရှေ့ကိုတော့ ဆက်သွားနေကြဆဲပါပဲ.။

(၁၇) အောင်မြင်လိုစိတ်ရှိသူများနှင့် အချိန်ဖြုန်းပါ.။
စကားပုံတစ်ခုရှိပါတယ်.။ "သင့်မိတ်ဆွေတွေကို ပြပါ.။ သင်ဘယ်သူလဲဆိုတာ ပြောပြနိုင်ပါတယ်" အဲဒီစကားဟာ အမှန်ပါပဲ.။ လူတွေဟာ
မိမိပတ်ဝန်းကျင်မှာရှိတဲ့ သူတွေရဲ့ ပုံစံအတိုင်း အောင်မြင်တတ်ကြပါတယ်.။ ဒါကြောင့် အောင်မြင်သူများ၊ အောင်မြင်ချင်သူများနဲ့ အချိန်
ဖြုန်းခြင်းဖြင့် သင်ပါ အောင်မြင်မှုလမ်းစပေါ်ရောက်လာပါလိမ့်မယ်.။

(၁၈) သင့်ကိုဦးဆောင်ပေးမည့်သူ ရှာပါ.။
ကိုယ့်ကို နည်းလမ်းပြသပေးမည့်သူ၊ ဦးဆောင်မည့်သူ၊ Mentor လုပ်ပေးမည့်သူတစ်ဦးရှာပါ.။ သူ့ရဲ့ အကြံဥာဏ်များအတိုင်း လိုက်
နာပါ.။

(၁၉) ဘာကြောင့် ဆိုတာကိုသိပါ.။
တစ်ခုခုကို လုပ်သာလုပ်နေရတယ် ဘာကြောင့်လုပ်နေတာလဲဆိုတာ မသိရင် မအောင်မြင်နိုင်ပါဘူး.။ ဘာကိုပဲလုပ်လုပ် လုပ်ရတဲ့
အကြောင်းရင်းကို သိပါစေ.။

(၂၀) အကြောက်တရားကို လွှမ်းမိုးခွင့်မပေးပါနဲ့.။
လူတိုင်းကြောက်တတ်ပါတယ်.။ အောင်မြင်သူတွေကတော့ အကြောက်တရားက သူတို့ကို ဆုံးဖြတ်တာမျိုးကို ခွင့်မပြုတတ်ပါဘူး.။

(၂၁) ကျွမ်းကျင်မှုတွေကို မြှင့်တင်ပါ.။
သင်ဟာ အောင်မြင်သူဖြစ်ဖို့ နည်းလမ်းတစ်ခုပဲရှိပါတယ်.။ ယနေ့သင်လုပ်နေတဲ့အလုပ်ကို ကျွမ်းကျင်သထက်ကျွမ်းကျင်အောင် လုပ်ပါ.။
သင့်ရဲ့ ဈေးကွက်အတွင်းမှာ နောက်တစ်လအတွင်း သင့်ကို အလားအလာရှိသူတစ်ယောက် ဖြစ်လာစေဖို့ သင်ဘာတွေလုပ်ရမလဲ စဉ်းစားပါ
အဲဒီအပေါ်မှာ Focus လုပ်ပါ.။ မအောင်မြင်မချင်း မရပ်ပါနဲ့.။

No comments