အောင်မြင်မှုရဖို့ (သို့) ချမ်းသာဖို့ နည်းလမ်း (၂၁) ခု (Part 1)
(၁) ကောင်းသောအကျင့်များကို မွေးမြူပါ.။
အောင်မြင်တဲ့ပုဂ္ဂိုလ်နဲ့ မအောင်မြင်တဲ့ပုဂ္ဂိုလ်တို့ရဲ့ ခြားနားချက်ဟာ သူတို့ရဲ့ နေ့စဉ်အမူအကျင့်များပေါ်မှာ ရာခိုင်နှုန်းများများ မူတည်
နေပါတယ်.။ အောင်မြင်တဲ့ပုဂ္ဂိုလ်များမှာ ကောင်းမွန်နဲ့အကျင့် အတော်များများရှိပြီး မကောင်းတဲ့အကျင့် အနည်းငယ်သာ ရှိပါတယ်.။
သင့်ရဲ့ မကောင်းတဲ့အကျင့်များဟာ သင့်တိုးတက်အောင်မြင်မှုလမ်းကြောင်းကို ပိတ်ပင်နေပြီဆိုရင် အချိန်မှီဖယ်ရှားသင့်ပါတယ်.။
စာရွက်အလွတ်တစ်ရွက်ကိုယူပါ.။ ကော်လံနှစ်ခုခွဲပြီး အကျင့်ဆိုးနဲ့ အကျင့်ကောင်းလို့ ခေါင်းစဉ်အသီးသီးတပ်ပါ.။ အကျင့်ဆိုးဘက်မှာ
သင့်မှာအခုရှိနေတဲ့ အကျင့်ဆိုးတွေအကုန် ချရေးပါ.။ အကျင့်ကောင်းဘက်မှာတော့ အကျင့်ဆိုးတွေကို ဘယ်လိုပြင်ဆင်မလဲဆိုတဲ့
အချက်တွေချရေးပါ.။ ပြီးရင် ရက် (၃၀) ကြာတဲ့အထိ အကျင့်ကောင်းတွေအတိုင်း လိုက်နာကြည့်ပါ.။ သင့်ကိုယ်သင် အံသြလောက်အောင်
သင်ဟာတိုးတက်လာတာ တွေ့ရပါလိမ့်မယ်.။
(၂) Goals များဖန်တီးပါ.။
အောင်မြင်တဲ့ပုဂ္ဂိုလ်များဟာ မနက်ဖြန်အတွက် လုပ်ရမယ့် Goal တွေကို ဒီညမှာ ချရေးတတ်သူများဖြစ်ပါတယ်.။ သူတို့မှာ နေ့စဉ်၊ အပတ်စဉ်
လစဉ်၊ နှစ်စဉ် အစရှိတဲ့ Goals တွေထားရှိထားတတ်ပါတယ်.။ ဒါပေမယ့် Goals တွေ သတ်မှတ်ပြီးရင် ရအောင်လုပ်ဖို့လဲ လိုပါတယ်.။
အောင်မြင်သူတွေဟာ Goals သတ်မှတ်ရုံသာမက အဲဒီ Goals တွေကိုပြီးမြောက်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေကိုပါ သိရှိ
သူတွေဖြစ်ပါတယ်.။
(၃) တိုးတက်မှုလမ်းစကို နေ့စဉ်ရှာဖွေပါ.။
အောင်မြင်သူတွေဟာ သူတို့ကိုယ်သူတို့ နေ့စဉ်တိုးတက်နေအောင် လုပ်ဆောင်တတ်ကြပါတယ်.။ သူတို့ နေ့စဉ်စာဖတ်ကြပါတယ်.။
သူတို့ရဲ့ နယ်ပယ်ထဲက ကျွမ်းကျင်သူတွေထံမှ နေ့စဉ်သင်ယူပါတယ်.။ သူတို့ရဲ့ ပန်းတိုင်တွေဆီက သွေဖယ်စေမယ့် အလုပ်မျိုးကို
မလုပ်ကြပါဘူး.။ သင့်ရဲ့ ဗဟုသုတကြွယ်ဝမှုကို နေ့စဉ်တိုးတက်စေဖို့ ကြိုးစားပါ.။ လွယ်ကူတဲ့အလုပ်မဟုတ်ပေမယ့် သင့်အတွက်
အခွင့်အရေးတွေ ရယူနိုင်လာပါလိမ့်မယ်.။
(၄) ကျန်းမာရေးကို ဂရုစိုက်ပါ.။
အောင်မြင်သူများဟာ နေ့စဉ်လေ့ကျင့်ခန်းလုပ်ကြပါတယ်.။ အစားအစာ စားရာမှာလဲ မှန်ကန်တဲ့အစားအစာတွေကို ရွေးချယ်စားသုံးတတ်
ပါတယ်.။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ နေ့စဉ်လုပ်ရမယ့် အလုပ်တွေအတွက် Energy ဖြစ်စေပါတယ်.။
(၅) လူမှုဆက်ဆံရေးအတွက် အချိန်ပေးပါ.။
အောင်မြင်သူတွေဟာ လူမှုဆက်ဆံရေးမှာ တော်တဲ့သူတွေလဲဖြစ်ပါတယ်.။ သူတို့ဟာ အခြားသူတွေနဲ့ စကားပြောဖို့၊ သူငယ်ချင်းလုပ်ဖို့
အချိန်ပေးနိုင်သူတွေဖြစ်ပါတယ်.။ ကမ္ဘာပေါ်မှာ အချိုမြိန်ဆုံးစကားလုံးဟာ သင့်နာမည်ဖြစ်ပါသတဲ့.။ လူတစ်ဦးတစ်ယောက်က ကိုယ့်နာမည်ကို
မှတ်မိနေတာကို မနှစ်သက်သူမရှိပါဘူး.။ ဒါကြောင့် နာမည်တွေကို မှတ်မိနေဖို့ နည်းလမ်းရှာပါ.။ စာအုပ်တစ်အုပ်မှာ နာမည်တွေကို ချရေးထား
ပြီး မှတ်ထားပါ.။ တစ်ဦးတစ်ယောက်နဲ့တွေ့တဲ့အခါ သူ့နာမည်ကို ခေါ်ပြီး နှုတ်ဆက်နိုင်ဖို့ ကြိုးစားပါ.။
(၆) Balance ကိုထိန်းဖို့ကြိုးစားပါ.။
အလုပ်လုပ်ခြင်း၊ အစာစားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အိပ်ခြင်း၊ အရက်သေစာသောက်စားခြင်း၊ တီဗွီကြည့်ခြင်း၊ အင်တာနက်သုံးခြင်း
အစရှိသဖြင့် သင့်ရဲ့နေ့စဉ် လှုပ်ရှားမှုတွေမှာ Balance ကိုထိန်းဖို့ ကြိုးစားပေးပါ.။
(၇) ပြီးအောင်လုပ်ပါ.။
ဒီနေ့လုပ်နိုင်တဲ့အရာကို မနက်ဖြန်မရွှေ့ပါနဲ့.။ ပြီးအောင်လုပ်ပါ.။ လူတိုင်းမှာ အကြောက်တရားရှိပါတယ်.။ ဒါပေမယ့် အောင်မြင်သူများကတော့
ကိုယ့်ကိုကိုယ် Push လုပ်ပြီး ကျော်လွှားနိုင်ကြပါတယ်.။ အရေးကြီးတဲ့အလုပ်တွေကို ပြီးအောင်လုပ်နိုင်ကြပါတယ်.။
(၈) အကောင်းမြင်ပါ.။
သင်သိတဲ့ အောင်မြင်သူတစ်ယောက်အကြောင်း စဉ်းစားကြည့်ပါ.။ သူဟာ အကောင်းမြင်သူတစ်ယောက်ဖြစ်ကြောင်း တွေ့ရပါလိမ့်မယ်.။
အောင်မြင်သူများဟာ သူများတွေကိုရော ကိုကိုယ်တိုင်ကိုပါ ကောင်းတဲ့အချက်များကို ရွေးမြင်သူတွေဖြစ်တတ်ကြပါတယ်.။ အဲဒီလိုလူမျိုး
တွေအတွက် ပြဿနာတွေဆိုတာ မဖြေရှင်းရသေးတဲ့ အခွင့်အလမ်းတွေလို့ မြင်ပါတယ်.။ လူတွေဟာ နေ့စဉ် သတင်းဆိုးတွေကိုပဲ ကြားနေရ
တတ်ပါတယ်.။ အောင်မြင်သူတွေကတော့ အဲဒီလိုသတင်းမျိုးတွေကို ခေါင်းထဲကိုအရောက်မခံဘဲ Positive ဖြစ်တဲ့အတွေးအခေါ်တွေကိုပဲ
ရယူတတ်ကြပါတယ်.။
(၉) ပုံမှန်ပိုက်ဆံစုပါ.။
လေ့လာမှုအရ အောင်မြင်တဲ့ပုဂ္ဂိုလ်များဟာ သူတို့ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းကို စုဆောင်းတတ်ကြပါသတဲ့.။ လူတိုင်းလူတိုင်း
တော့ မလုပ်နိုင်ပါဘူး.။ သင်ရော ဘယ်လောက် ရာခိုင်နှုန်း စုဖြစ်ပါသလဲ.။
(၁၀) ကန့်သတ်ချက်များကို ဖယ်ရှားပါ.။
အောင်မြင်သူများဟာ ကိုယ့်ရဲ့ စိတ်ခံစားမှုနဲ့ အတွေးအခေါ်များကို ထိန်းချုပ်နိုင်ပါတယ်.။ မကောင်းတဲ့အတွေးတွေ ဝင်လာရင် ဖယ်ရှားနိုင်တယ်.။
အလုပ်မပြီးမြောက်စေမယ့် ကိစ္စတွေကို ငြင်းပယ်နိုင်တယ်.။ အောင်မြင်မှုရဖို့လမ်းကြောင်းမှာ ကန့်သတ်ချက်တွေကို ဖယ်ရှားနိုင်ကြပါတယ်.။
Post a Comment