နှလုံးသားကို နားထောင်ပါ..
Facebook ကို စတင်တည်ထောင်ကာစ Employee 15 ယောက်တောင်မရှိသေးတဲ့
အချိန်ဖြစ်ပါတယ်.။ ထိုင်ဝမ်ကလာတဲ့ Steven Chen လို့ခေါ်တဲ့ တရုတ်လေးတစ်ယောက်ဟာ
Facebook မှာအလုပ်လုပ်နေရင်း Video Website တစ်ခုတည်ထောင်ချိန်တဲ့ စိတ်ကို
ထိန်းမနိုင်သိမ်းမရဖြစ်နေခဲ့ပါသတဲ့.။ သူ့ကို Facebook မှာအလုပ်ခန့်ခဲ့သူ အထက်အရာရှိ
ဖြစ်တဲ့ Matt Cohler ဆိုသူက တားပါတယ်.။ Facebook ဟာ အကြီးကြီးဖြစ်လာမယ့်အကြောင်း၊
Facebook မှာနေရင် အခွင့်အလမ်း အများကြီးရှိကြောင်း၊ Video Startups တွေ အင်တာနက်
မှာအများကြီး ရှိတဲ့အတွက် Video Website တည်ထောင်ချင်တယ်ဆိုတဲ့ အကြံကောင်းတစ်ခု
မဟုတ်ကြောင်းပြောပြီး အမျိုးမျိုးနားချပေမယ့် Chen ကို တားမရခဲ့ပါဘူး.။ Chen ဟာ Facebookကိုစွန့်ခွာပြီး Video Website တစ်ခုထောင်ဖြစ်အောင် ထောင်ခဲ့ပါတယ်.။
သူတည်ထောင်ခဲ့တဲ့ Video Website ကတော့ "Youtube" ဖြစ်ပါတယ်.။
ဥပဒေသ - ဘယ်သူတွေဘာပဲပြောနေပါစေ.. ကိုယ့်နှလုံးသားကပြောတာကိုပဲ နားထောင်ပါ.။
Keywords: Myanmar Leaders, Entrepreneur

Post a Comment