ကိုယ်ပိုင်စီးပွားရေး လုပ်တော့မယ်ဆိုရင် မဖြစ်မနေလုပ်ရမယ့် အချက် (၁၀)ချက်
1. Research
ကိုယ်လုပ်မယ့်စီးပွားရေးလုပ်ငန်း (ကိုယ်ရောင်းမယ့်ပစ္စည်း) ရဲ့ Customer တွေနဲ့ သူတို့ရဲ့ အမူအကျင့်တွေကို သိအောင်လုပ်ရပါမယ်.။ ကိုယ့်ရဲ့
ပြိုင်ဖက်ဖြစ်လာမယ့်သူတွေကိုလဲ စောင့်ကြည့်ရပါမယ်.။ Customer တွေနဲ့ စကားပြောရမယ်။
ယုံကြည်မှုတည်ဆောက် ရပါမယ်.။
2. Legal
ကိုယ့်ရဲ့ idea နဲ့ အခြားအရာတွေကို ဥပဒေအရ ကာကွယ်တာတွေ၊ ဥပဒေနဲ့ညီအောင်
လုပ်ဆောင်တာတွေ လုပ်ရပါမယ်.။
3. Web presence
Domain တစ်ခုဝယ်ယူပြီး Dynamic Website တစ်ခု တည်ဆောက်ရပါမယ်.။ Customer တွေနဲ့
ထိတွေ့မှုကို မပြတ်အောင် လုပ်ဆောင်ရပါမယ်.။
4. Money
ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းအတွက် သီးသန့် Bank Account တစ်ခုဖွင့်ထားရပါမယ်.။
5. Social Media
Customer တွေအများဆုံးသုံးတဲ့ ကိုယ့်အတွက်လဲ အဆင်ပြေတဲ့ Social Media Platform တစ်ခုရွေးပြီး
Fan Page (သို့) Account တစ်ခုတည်ဆောက်ရပါမယ်.။
6. Identity
ကိုယ့် Logo ကိုယ့် Brand တစ်ခု ခိုင်ခိုင်မာမာဖြစ်အောင် Social Media ကတဆင့်
တည်ဆောက်ရပါမယ်.။
7. Team building
ကိုယ်နဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းမိတ်ဆွေတွေနဲ့ Team တစ်ခုတည်ထောင်ရပါမယ်.။ ကိုယ့်ကို
အထောက်အပံ့ပေးနိုင်သူ Investor တွေနဲ့ adviser တွေနဲ့လဲ အဆက်အသွယ်မပြတ်သင့်ပါဘူး.။
8. Business Plan
Marketing Plan တွေ၊ Financing Plan တွေပါဝင်တဲ့ Business Plan တစ်ခု မဖြစ်မနေ လုပ်ရပါမယ်.။
9. Budget
Personal အသုံးစားရိတ်နဲ့ Business အသုံးစားရိတ် ခွဲခြားထားပြီး Budget သီးသန့်သတ်မှတ်ထားရပါမယ်.။
10. Presentation
ကိုယ့်ရဲ့ Business ကို တိုးတက်အောင် လုပ်ဆောင်တဲ့နေရာမှာ Presentation လုပ်ရတာမျိုးတွေလဲ
အများကြီး ပါဝင်မှာ ဖြစ်တဲ့အတွက် Presentation Skill ကိုပိုင်နိုင်အောင် လေ့ကျင့်ထားဖို့လဲ လိုပါတယ်.။
Ref: Entrepreneur
Really Great
ReplyDelete