Header Ads

ယောက်ျား​လေးတွေ အတည်တွဲတဲ့သူကိုမှလုပ်ပေးတတ်တာတွေ


ကောင်လေးတစ်ယောက်ကို သင့်လိုပဲ သူသင့်ကိုတကယ်ချစ်ရဲ့လားဆိုတာကို အောက်ပါနည်းလမ်းတွေနဲ့စမ်းသပ်လို့ ရပါတယ်။

၁) သင်တစ်ယောက်တည်းပဲ။
သူ့ရည်းစားဟောင်းတွေ၊ သဘောကျနေတဲ့သူတွေကို အကုန်အဆက်အသွယ်ဖြတ်ပြီး သင့်တစ်ယောက်တည်းကိုပဲ ပုံအပ်ထားတယ်။

၂) သင့်မိသားစုက သူ့ကိုဘယ်လိုသဘောထားလဲဆိုတာကို သူဂရုစိုက်တယ်။
မိသားစုညစာစားဖို့ ဖိတ်အုန်းတော့ သူအမြဲအဆင်သင့်ဖြစ်နေတယ်။ ဒါဟာသင့်ကိုအရမ်းချစ်လို့ပါ

၃) သူ့နဲ့ရင်းနှီးတဲ့သူတွေကို သင်သိတယ်။
သူ့အချစ်ဆုံးသူငယ်ချင်းတွေ၊ မိသားစုဝင်တွေကို သင်သိတယ်။ သူသာသင့်ကိုတကယ်မချစ်ဘူးဆိုရင် သူ့မိသားစုဝင်တွေနဲ့ ဘာလို့အပင်ပန်းခံပြီးမိတ်ဆတ်ပေးမှာလဲ။

၎) စိတ်ရှည်ရှည်စောင့်တယ်။
သင့်ဟာ သူနဲ့ အနေနီးဖို့ရှက်ကြောက်နေတယ်ဆိုရင်လည်း သင်သက်သောင့်သက်သာဖြစ်တဲ့နေ့ထိ သူစောင့်ပေးမှာပါ။ သင်အဆင်သင့်မဖြစ်သေးဘဲ သင့်ကိုအိပ်ခန်းဝင်ဖို့နိုးဆော်သူကတော့ သင့်ကိုတကယ်ချစ်ဖို့ရာခိုင်နှုန်းနည်းပါလိမ့်မယ်။

၅) သင်နဲ့အမြဲအဆက်အသွယ်လုပ်တယ်
သင်ကသူ့ကိုအဆက်အသွယ်မလုပ်ရင်တောင် သူကတော့ အမြဲစပြီးဆက်သွယ်တယ်။ သင်ဟာ သူ့ရဲ့ ပထမဦးစားပေးဆိုတာ သိစေချင်လို့လေ။ သူတခါတရံမဆက်သွယ်ဘူးဆိုရင်လည်း သူတကယ်အလုပ်ရှုတ်နေလို့ပါ။

၆) သင်ဟာ အမြဲသူ့စိတ်ထဲမှာ။
သင် သူ့နားမှာရှိနေနေမရှိနေနေ သူ့စိတ်ထဲမှာသင်ရှိနေပြီး အမြဲသင့်အကြောင်းတွေပြောနေတတ်တယ်။ သူ့သူငယ်ချင်းတွေ၊ မိသားစုတွေကတောင် သူသင့်အကြောင်းပဲလာလာပြောနေတယ်ဆိုရင် သင်သိလိုက်တော့ သူသင့်ကိုဘယ်လောက်ချစ်တယ်ဆိုတာ။

၇) သင့်ထင်မြင်ချက်က သူ့အတွက်အရေးပါတယ်။
ယောက်ျားလေးတော်တော်များများက အလုပ်ကိစ္စဆိုရင် မိန်းကလေးတွေကိုသိပ်ပြီးမတိုင်ပင်ကြဘူး။ သူဟာ သင့်ကိုအရာရာတိုင်ပင်နေပြီဆိုရင်တော့ သင့်ထင်မြင်ချက်ဟာသူ့အတွက်အရမ်းကိုအရေးပါနေလို့ပါ။

၈) လိမ်တယ်ဆိုတာမရှိဘူး။
သူ့ဖုန်း လျှို့ဝှက်နံပါတ်၊ အကောင့်လျှို့ဝှက်နံပါတ် အကုန်ပြောပြထားတယ်။ သင့်ဆီကနေ ထိန်ချန်ထားတယ်ဆိုတာမရှိဘူး။ အကုန်ပြောပြထားတယ်။

၉)အရာရာတိုင်းကိုသင့်အတွက်လွယ်ကူအောင်လုပ်ပေးတယ်။
သင်အလုပ်တွေမနိုင်မနဲဖြစ်နေလား၊ တစ်ယောက်ယောက်က သင့်ကိုစိတ်နှောင့်ယှက်အောင်လုပ်နေလား၊ သူအကုန်ဖြေရှင်းပေးလိမ့်မယ်။ သင်စိတ်ညစ်နေတာမကြည့်ရက်လို့လေ။

No comments