တစ်ပတ်အတွင်း ၁၀ ပေါင်ကျစေမယ့် အထိရောက်ဆုံး Diet Plan
နောက်နေတာမဟုတ်ပါဘူး။ ၁ ပတ်အတွင်း ၁၀ ပေါင်ကျဖို့ဆိုတာဖြစ်နိုင်ပါတယ်။ လုံလောက်တဲ့ ကြိုးစားအားထုတ်မှုသာရှိရင်ပေါ့။ အစားအစာဟာ
အချိုးအစားကျနတဲ့ခန္ဓာကိုယ်အတွက် ၈၀ ရာခိုင်နှုန်း အရေးပါပါတယ်။ ကဲ…အဆင်သင့်ဖြစ်ပြီဆိုရင် စလိုက်ကြရအောင်
Day 1. ဒီနေ့တော့ အချိုနည်းတဲ့သစ်သီးလေးတွေပဲစားရအောင် ။ ငှက်ပျော်သီး တော့မစားပါနဲ့ဦး။ ပန်းသီး သလဲသီး တို့လိုမျိုး ခပ်ချဉ်ချဉ်အသီးလေးတွေပဲစားပါ။ ရေ ၁၂ ခွက် သောက်ပါ။
Day 2. ဟင်းသီးဟင်းရွက်တွေပဲစားမယ်နော် ။ မနက်စာကို အာလူးပြုတ်တစ်လုံးနဲ့ စမယ်။ အရွက်သုပ်လေးကိုတော့ ဆာတိုင်းနည်းနည်းစီစားပေးမယ်။ သံလွင်ဆီနည်းနည်း ဆား ငရုတ်ကောင်း နည်းနည်းနဲ့ ကိုယ်ကြိုက်တဲ့ အသီးအရွက်ရေနွေးဖျောလေးတွေသုပ်စားပေါ့။ အာလူးနဲ့ငှက်ပျောသီး မစားနဲ့ဦးနော် ။ရေ ၁၂ ခွက်သောက်ဖို့မမေ့ပါနဲ့ဦး။
Day 3. သစ်သီးတွေရော ဟင်းသီးဟင်းရွက်တွေရော အကုန်စားမယ်။ မနေ့ကလိုပဲ အာလူးနဲ့ငှက်ပျောသီးရှောင်မယ်။ ရေ ၁၂ ခွက်သောက်မယ်။
Day 4. ငှက်ပျောသီး ၈ လုံး၊ ဟင်းရွက်ပြုတ် နဲ့ နွားနို့ ၃ ခွက် ကိုမနက် နေ့လည် ည ခွဲပြီးတော့စားပေးပါ။ ရေ ၁၂ ခွက်သောက်ပါ ။
Day 5. ဆန်ပြုတ် ၁ ပန်းကန် နဲ့ ခရမ်းချဉ်သီး ၈ လုံး ကို သံလွင်ဆီ ဆား ငရုတ်ကောင်း အနည်းငယ်တို့နှင့် သုတ်စားပါ။ အသီးအရွက်ပြုတ် ပန်းသီး ဂရိတ်ဖရုသီး တို့ကိုလည်းစားပါ။ ရေ ၁၀ ခွက်အနည်းဆုံးသောက်ပါ။
Day 6. ဒီနေ့တော့ထမင်းစားလို့ရပြီ။ ထမင်းအနည်းငယ် ကိုမနက်စာအဖြစ် ဟင်းရွက်စွပ်ပြုတ် နဲ့တွဲစားပါ။ နေ့လည်စာနဲ့ ညနေစာကိုတော့ ဟင်းရွက်စွပ်ပြုတ်ပဲစားပါ။ ရေ ၁၀ ခွက်အနည်းဆုံးသောက်ပါ။
Day 7. ထမင်းအနည်းငယ်စားပါ။ အသီးအရွက် အပြုတ် အသုပ် ၂ မျိုးလုံးစားလို့ရပါပြီ။ ရေ ၁၀ခွက် အနည်းဆုံးသောက်ပါ။ အသီးဖျော်ရည်လဲသောက်လို့ရပါပြီ။
၇ ရက် ပြီးသွားရင်တော့ ပုံမှန်စားနေကျအတိုင်းစားလို့ရပါပြီ။ ဒါပေမယ့် ထမင်းကို ခါတိုင်းထပ်လျှော့စားပါ အသီးအရွက်နဲ့ အသားကိုဦးစားပေးစားပါ။
ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းကိုနေ့စဉ်ပြုလုပ်ပေးပါ။ ဒါဆိုရင်တော့ ရေရှည်အတွက် ခန္ဓာကိုယ်ကိုထိန်းသိမ်းနိုင်သွားပါပြီ။
Hnin Pwint
Post a Comment