Header Ads

သောကြာနေ့ ကို ဘယ်လိုကုန်ဆုံးသင့်သလဲ။


(၁) အရေးကြီးတော့ အရာများကို အပြီးလုပ်ထားပါ။
သောကြာနေ့ ရမယ်လို့ အာမခံထားတဲ့ အလုပ်တွေကို သောကြာနေ့ မှ ပြီးအောင်ဖြတ်ပါ။ မဟုတ်လို့ ရှိလျှင် TGIF လို့ မအော်နိုင်မည့်အပြင် တင်္နလာနေ့ မနက်ရောက်မှာကို ပင် စိုးရွံ့ နေပါလိမ့်မည်။

(၂) သောကြာနေ့ မှာ အလုပ်လုပ်ရန် အနှောက်အယှက်ကင်းသောနေရာကိုရှာပါ။
သင့်ရဲ့ အလုပ်ခွင်မှာ အာရုံစူးစိုက်ပြီး အလုပ်လုပ်နိုင်မည့် နေရာတစ်နေရာတော့ ရှိကောင်းရှိနိုင်ပါမည်။ သောကြာနေ့ ရောက်လျှင် ထိုနေရာကို ဦးထားပါ။ တခြား အနှောက်အယှက်၊ အာရုံထွေပြားမှုများကို ဖြစ်စေနိုင်သည့် အရာများ နှင့်ကင်းဝေးသွားမှာဖြစ်လို့ သင်ပြီးရမယ့်အလုပ်တွေ ပြီးစီးအောင်လုပ်နိုင်ပါလိမ့်မယ်။
work from home ဆိုလျှင်တော့ အိမ်မှာမလုပ်ပါနဲ့ ။ တခြား co-working space လိုဖြစ်ဖြစ်၊ အိမ်သားတွေနဲ့ ဝေးတဲ့ နေရာဖြစ်ဖြစ်သွားပြီး အလုပ်များပြီးစီးအောင်လုပ်သင့်ပါတယ်။

(၃) နောက်တစ်ပတ် အတွက် Plan များချပါ။
သောကြာနေ့ အပြီးလုပ်ရမယ့် အလုပ်တွေ နည်းတယ်ဆိုလျှင်တော့ နောက်အပတ်အတွက် ကြိုတင်ပြီး Plan ချပါ။
တင်္နလာကနေ သောကြာ အလုပ်လုပ်ရက် ၅ ရက်မှာ တင်္နလာနေ့ နဲ့ အင်္ဂါနေ့ ဟာ အလုပ်နိုင်ဆုံးနေ့ တွေ ဖြစ်ပါတယ်။ အဲ့ဒီအတွက် အခက်ခဲဆုံး အလုပ်တွေကို တင်္နလာနေ့ နဲ့ အင်္ဂါနေ့ တွေ မှာ လုပ်ဖို့ Plan လုပ်ထားပါ။

(၄) အကူအညီများကို သောကြာနေ့ မှာတောင်းပါ။ တင်္နလာနေ့ မှ မတောင်းပါနဲ့ ။
အကယ်လို့ များ ပြီးရမယ့် အလုပ်တွေကို သောကြာနေ့ မှာ မပြီးနိုင်တော့ဘူးထင်လျှင် အဲ့ဒီနေ့ မှာ ပဲ တခြားလူတွေကို အသိပေး အကူအညီတောင်းပါ။ အထက်လူကြီးကို တင်ပြပါ။ သောကြာနေ့ ဟာ တင်္နလာနေ့ ထက် အလုပ်ရှုပ်မှု နည်းတယ်ဆိုတဲ့ အတွက် အထက်လူကြီးအနေနဲ့ လည်း သင် အကူအညီတောင်းတာကို လက်ခံပြီး အခြားသူကို တာဝန်ခွဲပေးဖို့ အခွင့်အရေးပိုများပါလိမ့်မယ်။

(၅) သောကြာနေ့ မှာ ပုံမှန် လုပ်နေကြ ပုံစံတွေကနေ ခွဲထွက်လိုက်ပါ။
သောကြာနေ့ မှာ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်နဲ့ မပက်သက်ပဲ တခြား အကြောင်းအရာတွေ ပြောခြင်းအားဖြင့် စိတ်ဖိစီးမှုကိုလျော့အောင်လုပ်ပါ။ Lunch appointments တွေ တွေကို သောကြာနေ့ မှာ ချိန်းဆိုပါ။
မနက်စာ စားတဲ့ နေရာ ပြောင်းစားပါ။ နေ့ လည်ထမင်းစားတဲ့ ထမင်းဆိုင်၊ နေရာ ပြောင်းစားပါ။

(၆) သင့်ရဲ့ Boss နဲ့ အခြားလုပ်ဖော်ကိုင်ဖက်တွေကို ကူညီပါ။
အကယ်လို့ များ သင့်ရဲ့ သောကြာနေ့ မှာ အလုပ်တွေ သိပ်မများဘူးဆိုလျှင် အင်တာနက်သုံးခြင်း၊ social media သုံးခြင်းနဲ့ အချိန်ကုန်မခံပါနဲ့ ။ သင့်ရဲ့ Boss နဲ့ အခြားလုပ်ဖော်ကိုင်ဖက်တွေကိုကူညီပါ။ ဘာလို့ လည်းဆိုတော့ သူတို့ ရဲ့ deadline တွေနီးကပ်နေပြီး ရုန်းကန်နေရာတာမျိုးဖြစ်လျှင်ဖြစ်နေမှာပါ။ သင်သူတို့ ကို ကူညီလျှင် သင့်ကို ကျေးဇူးအလွန်တင်ပါလိမ့်မယ်။

(၇) ခေါင်းသိပ်မစားသော အလုပ်တွေကို လုပ်ပါ။
တခြားသူတွေကိုလည်း ကူညီစရာမရှိလျှင်တော့ သောကြာနေ့ မှာ ခေါင်းသိပ်မစားတဲ့ အလုပ်တွေကို လုပ်ပါ။ ဥပမာ သင့်အလုပ်စားပွဲကို ရှင်းတာတို့ ၊ လွယ်ကူတဲ့ report တွေဖတ်တာတို့ ကို လုပ်ပါ။
အဲ့ဒီလိုလုပ်ထားခြင်းဖြင့် နောက်အပတ်မှာ လုပ်စရာတွေ လျော့နည်းသွားပါလိမ့်မယ်။

(၈) ကျေးဇူးတင်လိုက်ပါ။
သောကြာနေ့ မှာ ကျေးဇူးတင်စကားပြောစရာရှိတဲ့ သူများကို ကျေးဇူးတင်စကားပြောလိုက်ပါ။ email ပို့ လိုက်ပါ။ ချီးကျူးစရာရှိတဲ့ ကိုယ့်လက်အောက်ငယ်သားများကို ချိုးကျူးလိုက်ပါ။ သင့်လုပ်ဖော်ကိုင်ဖက်များကို ပျော်ရွှင်အောင် ထားလိုက်ပါ။

အဲ့ဒီလိုနဲ့ သင့်ရဲ့ သောကြာနေ့ ကို ကုန်ဆုံးလိုက်ပါ။

Ref: lifehack


ကိုဟိန်း (Prospect Myanmar)

No comments