လူတွေရဲ့လေးစားမှုကို ရရှိစေဖို့အတွက် ဘယ်လိုနေထိုင်မလဲ ၊
1 . အချိန်မှီရောက်ပါစေ၊ အချိန်မှန်ဖို့ သိပ်အရေးကြိးပါတယ်။ နောက်ကျတဲ့လူတွေကိုသည်းမခံပါနဲ့။ သတ်မှတ်ရက်ကျော်လွန်သွားတဲ့ လူတွေကိုလည်း သည်းမခံပါနဲ့။ကိုယ်ကိုယ်တိုင်နောက်ကျရင်လည်း အလားတူသဘောထားပါ။
2 . လူတစ်ယောက်ချင်းအတွက် ခေါင်းထဲမှာ ကိုယ်ရေးဖိုင်တွဲတစ်ခုစီဖွင့်ထားပါ။ တွေ့ရမယ့်လူတွေကို မတွေ့ခင်မှာ ကြိုတင်ပြီး သူတို့အကြောင်း သုတေသနလုပ်ထားပါ။သူတို့အလှူဒါနပြုခဲ့ကြတာကို ခင်ဗျားသိထား တယ်ဆိုရင် သူတို့ဝမ်းသာကြမှာပေါ့။ သူတို့လုပ်ခဲ့တဲ့လုပ်ငန်းအကြောင်း ခင်ဗျားသိနေတယ်ဆိုရင် သူတို့ခင်ဗျားကို ဖြုံကြမှာပါ။
3 . ကလေးတွေကျောင်းကပေးလိုက်တဲ့အိမ်စာလုပ်သလို၊ အိမ်မှာလုပ်စရာရှိတာလုပ်ပါ။ ကိုယ်ညံ့လို့ သူများတွေ ကိုယ့်အတွက် အချိန်ကုန်ရင် ဘယ်တော့မှ လူတွေလေးစားမှာမဟုတ်ဘူး။
4 . လူတွေရဲ့နာမည်ကို မေ့တာဟာ အဆိုးဆုံးပဲ ၊ဘယ်တော့မှ မမေ့ပါနဲ့။သူတို့အကြောင်း အသေးအမွှားလေးတွေ ကိုလည်း မမေ့ပါနဲ့။ စကားပြောရင်ဒါလေးတွေကို လိုသလိုညှပ်ပြောပါ။ လူဆိုတာ သူတို့နာမည်ကို သူများခေါ်တာကြားချင်ကြပါတယ်။ သူတို့အကြောင်းပြောတာနားထောင်ချင်ကြပါတယ်။
5 . ရိုးသားပါ။ လူတော်တော်များများဟာ လိမ်ပြောရင်ချက်ချင်းမုသာဝါဒအနံ့ရတယ်။ ရိုးသားခြင်းကိုလူတိုင်း လေးစားတယ်။ သူတို့ကြားချင်တာနဲ့ထပ်တူမညီတောင် ရိုးသားရင် လေးစားမှာ အသေချာပါပဲ။
6 . စကားပြောတဲ့နေရာမှာ ကိုယ်သိတာကို ဘယ်တော့မှ မလိုအပ်ဘဲနဲ့ မပြောပါနဲ့၊ လိုအပ်လာမှသာ ကိုယ်က ဘာကောင်လဲ ဆိုတာကို တဖက်လူသိအောင်ပြပါ၊
David Jame
Post a Comment