Header Ads

ငါးမိနစ်အတွင်း သင့်ကိုယ်သင် ယုံကြည်မှုတိုးလာအောင် စွမ်းဆောင်ပေးမယ့် အချက် (၃) ချက်


ဟားဗတ်တက္ကသိုလ်မှ စိတ်ပညာရှင်တွေဟာ အချိန်(၅)မိနစ်အတွင်းလူတစ်ယောက်အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးလာအောင် စွမ်းဆောင်နိုင်တဲ့ အချက် သုံးချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

အကြောက်တရားတွေကင်းဝေးပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိလာအောင် အခုဖော်ပြမယ့် အချက်(၃)ချက်က အကူအညီပေးမှာဖြစ်ပါတယ်။

၁။ အရမ်းအောင်မြင်နေတဲ့ လူတစ်ယောက်ရဲ့ အမှုအရာအတိုင်း အချိန် နှစ်မိနစ်ခန့် နေကြည့်ပါ။
သင်ဟာ ကိုယ့်ကိုကိုယ် အရမ်းအောင်မြင်နေတဲ့ လူတော်တစ်ယောက် ဖြစ်တယ်လို့ စိတ်ထဲမှာ မှတ်ယူပြီး သင့်ရဲ့ကိုယ်နေဟန်ထားကို ဝင့်ကြွားစွာ နေကြည့်သင့်ပါတယ်။
ဥပမာ စူပါဟီးရိုးတွေရဲ့ အမူအရာအတိုင်းနေကြည့်ရင် သင့်ကိုယ်သင် ယုံကြည်မှုတွေ တိုးတက်လာပြီး အခက်အခဲတွေကို ရင်ဆိုင်နိုင်တဲ့ သတ္တိတွေ ရရှိပိုင်ဆိုင်လာတယ်လို့ စိတ်ပညာရှင်တွေက ပြောကြားထားပါတယ်။

၂။ သင့်ရဲ့အနာဂတ်ကို သင်ကိုယ်တိုင် စိတ်ကူးပုံဖော်ကြည့်ပါ။
တောက်ပတဲ့ အနာဂတ်ကို အတွေးထဲမှာ အသေးစိတ် ပုံဖော်ကြည့်ရင်လည်း ကျရှုံးမှာကို ကြောက်တဲ့စိတ်တွေ လျော့ပါးသွားနိုင်တယ်လို့ စိတ်ပညာရှင်တွေက ဆိုထားပါတယ်။
အနာဂတ်ကို ကြိုတင်မျှော်မှန်းထားတဲ့ လူတွေဟာ အလုပ်တွေကို တတ်နိုင်သမျှ ကြိုးစားလုပ်ကိုင်ကြပြီး တွေဝေမှုနည်းပါးသွားတယ်လို့လည်း ပြောဆိုထားပါတယ်။

၃။ ကိုယ့်ဘဝကိုယ် ကျေးဇူးတင်ပါ။
အလုပ်ဖြုတ်ခံရတဲ့ အချိန်တွေနဲ့ အကြွေးပတ်လည်ဝိုင်းနေတဲ့ အချိန်တွေဟာ စိတ်ညစ်စရာကောင်းပါတယ်။ ဒါပေမယ့် လုပ်ငန်းနဲ့ ပက်သက်ပြီး လိုအပ်တဲ့ ပညာရပ်တွေကို ကြိုးစားသင်ယူမယ်ဆို သင့်ရဲ့ ဝင်ငွေတွေလည်း တိုးပွားလာမှာဖြစ်ပါတယ်။
ဘယ်အချိန်မှာပဲဖြစ်စေ စိတ်ဓါတ်မကျဘဲ လေ့လာသင်ယူလိုစိတ် ရှိနေသင့်ပါတယ်။ ကိုယ့်ဘဝကိုယ် တန်ဖိုးထားပြီး ကြိုးစားတဲ့ သူတွေကသာ အောင်မြင်မှု ကို ရရှိကြတယ်လို့ စိတ်ပညာရှင်တွေက ပြောဆိုထားပါတယ်။


လင်းလင်းမောင်

No comments