ကလေးလေးတွေဘာ့ကြောင့်ငိုလဲ ဘယ်လိုသိနိုင်မလဲ
မွေးကင်းစအချိန်နဲ့ စကားမပြောတတ်သေးခင်အချိန်မှာ ကလေးတွေငိုရင် မိဘတွေပျာယာခတ်ကြပါတယ်။ သားဦးဆိုရင်ပိုဆိုးတာပေါ့။ ကလေးကိုချော့မရ ဘာဖြစ်မှန်းမသိနဲ့ မိဘတွေစိတ်ပူပန်သောကရောက်ရ လေ့ရှိပါတယ်။ ကလေးဘာ့ကြောင့်ငိုတယ်ဆိုတာသိဖို့ဘယ်လို အဖြေရှာကြမလဲ။
မိဘတွေဟာကလေးကို အစာ၊ နွေးထွေးမှု အစရှိသဖြင့် လိုအပ်သမျအကုန်ဖြည့်စည်းပေးကြပါတယ်။ ကလေးကစကားမပြောတတ်သေးတဲ့အတွက် သင်နဲ့ဆက်သွယ်ဖို့လိုအပ်လာရင် သူတခုခုလိုအပ်နေတာကို သင့်ကိုသိစေချင်ရင် ငိုကြပါတယ်။ တခါတလေကျရင် သင့်ရဲ့ ယုယမှုကိုလိုချင်လို့ငိုတတ်ကြပါတယ်။ အောက်မှာတော့ ကလေးတွေငိုရတဲ့အကြောင်းအရင်းနဲ့ ဘယ်လိုချော့နိုင်မလဲဆိုတာဖေါ်ပြထားပါတယ်။
၁။ ဗိုက်ဆာတယ်
ဗိုက်ဆာတာဟာ ကလေးငိုရတဲ့အဓိကအကြောင်းအရင်းဖြစ်လေ့ရှိပါတယ်။ အဓိကအားဖြင့် မွေးကင်းစကလေး တွေပေါ့။ ကလေးကငယ်လေ ပိုပြီးဗိုက်ဆာကြလေလေပါ။
ကလေးတွေရဲ့အစာအိမ်ကသေးပြီး အစာတွေကကြာကြာမခံပါဘူး။ အဲ့ဒါကြောင့်ဗိုက်ဆာတာမြန်ကြတာပါ။ မိခင်နို့တိုက်နေရင် ကလေးတွေပိုအဆာမြန်ပါတယ်။ နို့မှုန့်ဖျော်တိုက်မယ်ဆိုရင်တော့ နို့သောက်ပြီး ၂နာရီလောက်ကြာမှ ပြန်ဆာတတ်ကြပါတယ်။
ကလေးကငိုရင်းလက်စုပ်နေရင် နို့ဆာတာဖြစ်ဖို့များပါတယ်။ နို့တိုက်တာနဲ့ချက်ချင်းတော့ကလေးက အငိုတိတ်မသွားပါဘူး။ ခနလောက်အကြာမှာတိတ်သွားပါလိမ့်မယ်။
၂။ ချီပါ
ကလေးငယ်လေးတွေဟာ သင့်ရဲ့ချြော့မူခြင်း ပွေ့ဖက်ခြင်းကို အများကြီးလိုအပ်ပါတယ်။ အဲ့လိုအချီခံချင်လို့ ငိုတယ်ဆိုရင်တော့ သင်ကောက်ချီပြီး ချော့မြူလိုက်တာနဲ့အငိုတိတ်သွားမှာပါ။ ကလေးကိုချီတဲ့အခါ ကလေးဟာ သင့်ရဲ့ နှလုံးခုန်သံ၊ နွေးထွေးမှု နဲ့သင့်ရဲ့အနံ့တို့ကိုရပြီး
အငိုတိတ်သွားစေမှာပါ။
၃။ပင်ပန်းတယ် အိပ်ချင်တယ်
ကလေးတွေဟာအများအားဖြင့် အရမ်းပင်ပန်းနေရင် အိပ်ရခက်ပါတယ်။ ဧည့်သည်အရမ်းများပြီး အာရုံစိုက်ခံရ လွန်းအားကြီးရင်လည်း ပင်ပန်းတတ်ပါတယ်။ အဲ့ဒီလိုအခါမှာ ကလေးကအီတတ်ပါတယ်။ တိတ်ဆိတ်တဲ့အခန်း မှာမီးပိတ်ပြီး ကလေးကိုအရင်စိတ်ငြိမ်အောင်သီချင်းဆိုပြီးချော့သိပ်ပါ။
၎။ အရမ်းအေးတယ် / အရမ်းပူတယ်
ကလေးအရမ်းအေးနေလားပူနေလားသိချင်ရင် ဗိုက်ကိုစမ်းကြည့်ပါ။ ကလေးရဲ့လက်တွေခြေထောက်တွေ ကိုမစမ်းပါနဲ့။ ပူလွယ်အေးလွယ်တဲ့အစိတ်အပိုင်းတွေဖြစ်လို့ပါ။ ကလေးရဲ့ဗိုက်က ပူနေတယ်ရင် စောင်တွေဖယ် ပြီးလေဝင်လေထွက်ကောင်းတဲ့အဝတ်အစားဝတ်ပေးပါ။ အေးနေရင်တော့ သေချာနွေးထွေးအောင်ထုပ်ထားပါ။ ကလေးရဲ့အခန်းအပူချိန်ကို 18ံC ထက်မကျပါစေနဲ့။ ကလေးကိုအဝတ်တွေအများကြီးမဝတ်ပေးပါနဲ့။ အရမ်းထူပြီးအိုက်လာပါလိမ့်မယ်။
၅။ သေးစိုခံလဲပေးပါ
သေးစိုခံ စိုနေရင်ကလေးကငိုပြီးပြောပြတတ်ပါတယ်။ တချို့ကလေးတွေကျတော့ သေးစိုခံစိုနေလဲ မငိုပဲ ယားလာတော့မှငိုတတ်ကျပါတယ်။
၆ေ။ နေမကောင်းဘူး
ကလေးတွေငိုတဲ့အခါ မိဘတွေအစိုးရိမ်ဆုံးကတော့ ကလေးနေမကောင်းတာလားဆိုတာပါပဲ။ နေမကောင်းလို့ ငိုတဲ့အခါသိသာပါတယ်။ နို့ဆာလို့ အေးလို့ ပူလို့ ငိုတဲ့အခါမှာငိုတဲ့အသံနဲ့ နေမကောင်းတဲ့အခါငိုတဲ့အသံလုံးဝ မတူပါဘူး။ အဆတ်မပြတ် အသံစူးစူးနဲ့ငိုနေရင် နေမကောင်းတာဖြစ်ဖို့များပါတယ်။ တခါတလေ ကလေးက အရမ်းငြိမ်နေပြီး အီနေရင်လည်းနေမကောင်းတာဖြစ်နိုင်ပါတယ်။
အဖျားရှိနေပြီး အန်နေရင်၊ ဝမ်းလျောနေရင်တော့ ဆရာဝန်ချက်ချင်းခေါ်တာဖြစ်ဖြစ် ဆေးခန်သွားတာဖြစ်ဖြစ် အမြန်ဆုံးလုပ်ရပါမယ်။
ကလေးငိုတဲ့အခါ ပျာယာမခတ်ပဲ
အထက်ကအချက်လေးတွေတခုခြင်းစီကိုအစဉ်လိုက် စမ်းစစ်ပါ။ ကလေးလေးတယောက်မွေးရတာမလွယ်သလို မွေးပြီးတဲ့အခါစောင့်ရှောက်ရတာပိုခက်ခဲပါတယ်။
ဘယ်လိုကြည့်ရှုစောင့်ရှောက်ရမယ်ဆိုတာတွေကိုသေချာသိနေရင်တော့ အခက်အခဲတွေလျော့နဲ လာမှာပါ။
ပန်းတိမ်လွှာ
Post a Comment