ဘယ်လိုချွေတာစုဆောင်းမလဲ
လကုန်စာရင်းချုပ်လိုက်ရင် အတိုအစလေးတွေက သိန်းဂဏန်းနီးပါးကပ်နေတာကို ကြုံဖူးကြပါမှာ။
ချွေတာမယ်လို့စိတ်ဆုံးဖြတ်ထားပေမယ့် ဟိုဟိုဒီဒီအသုံးစရိတ်လေးတွေကပေါ်လာတတ်ပါတယ်။
တကယ်တမ်းကုန်ကျစရိတ်က အရေးပေါ်သုံးစွဲလိုက်ရတာထပ် ကိုယ်တိုင်ကကြိုတင်ပြင်ဆင်မှုမရှိလို့
ကုန်ကျတဲ့စရိတ်ကပိုများနေပါတယ်။
ဒါ့ကြောင့် နေ့စဉ်လှုပ်ရှားသွားလာမှုနဲ့ အနေအထိုင်တို့ကို ဒီအချက်လေးတွေနဲ့ ထိန်းသိမ်းကြရအောင်
ဒါ့ကြောင့် နေ့စဉ်လှုပ်ရှားသွားလာမှုနဲ့ အနေအထိုင်တို့ကို ဒီအချက်လေးတွေနဲ့ ထိန်းသိမ်းကြရအောင်
၁။ အရောင်းပြပွဲတွေကိုရှောင်ပါ
သူငယ်ချင်းတွေဆွယ်လိုပဲဖြစ်ဖြစ် ပစ္စည်းအသစ်အဆန်းတွေကို စိတ်ဝင်စားလို့ပဲဖြစ်ဖြစ်
အရောင်းနဲ့ပတ်သက်တာတွေကိုရှောင်ပါ။ အားလပ်ရက် လမ်းလျှောက်ထွက်ရင်း စတိုးဆိုင်ထဲဝင်တာမျိုး
တစ်စုံတစ်ယောက်နဲ့ချိန်းထားပြီး အချိန်စောလို့ ရှော့ပင်းစင်တာထဲဝင်အချိန်ဖြုန်းတာမျိုးကိုမလုပ်ပါနဲ့။
၂။ သောက်စရာဆောင်ပါ။
အိမ်ကနေ ရေဘူးတစ်ဘူးအပြည့်ထည့်သွားလိုက်ပါ။ သွားရင်းလာရင်း ရေဆာလို့ အအေးဆိုင်ဝင်ထိုင်တာမျိုး
မဖြစ်တော့ဘူးပေါ့။ ကော်ဖီကြိုက်တတ်ရင် အိမ်သုံးကော်ဖီစက်ကောင်းကောင်းလေး ဆောင်ထားလိုက်ပါ။
ကော်ဖီဆိုင်ခနခနမထိုင်ဖြစ်တော့ဘူးပေါ့။
၃။ လပေးတီဗီချယ်နယ်တွေကိုလျှော့ပါ။
အမှန်တကယ်ကြည့်ဖြစ်တာကနည်းနည်း ရီမုနဲ့လျှောက်ပြောင်းနေမိတာများများပါ။ အခမဲ့ရုပ်သံလိုင်းတွေလဲအများကြီးပါပဲ။ဒါ့ကြောင့် မကြည့်တဲ့လိုင်းတွေကို ပယ်ဖျက်လိုက်ပါ။ အကြိုက်ဆုံးပုံမှန်ကြည့်ဖြစ်တာတွေပဲထားပါ။
၎။ မလိုတာတွေရောင်းထုတ်ပါ။
မွေ့ယာအဟောင်း၊ ဘက်ထရီအပျက်၊ စက္ကူပုံးဟောင်း သတင်းစာ ဂျာနယ်ဟောင်း တွေကနေ ရေသန့်ဘူးခွံဟောင်းတွေထိ ရောင်းလို့ရသမျှကိုရှင်းထုတ်ပါ။
ဆိုဖာထိုင်ခုံလို ပရိဘောဂအဟောင်းတွေကိုလဲ အိမ်နီးနားချင်းတွေကို ဈေးသက်သက်သာသာနဲ့ရောင်းလိုက်ပါ။
ကျစ်ကျစ်လစ်လစ်နဲ့ဝန်ပေါ့ပြီး ဈေးချိုတာကိုပြန်ရှာဝယ်နိုင်ပါတယ်။
၅။ အလှကုန်ပစ္စည်းတွေကို ကိုယ်တိုင်လုပ်ပါ။
You tube က DIY tutorial လေးတွေကိုကြည့်ပြီးစမ်းသပ်နိုင်ပါတယ်။ body scrub , make up remover,
ပေါင်းဆေး စတာတွေကို သဘာဝပစ္စည်းတွေနဲ့ပြုလုပ်ပြီး ဓာတုဗေဒကင်းကင်းအသုံးပြုနိုင်ပါတယ်။
ပိုလုပ်ပြီး အပေါင်းအသင်းတွေကို ခွဲရောင်းလို့ရပါသေးတယ်။
၆။ စနစ်တကျစားသောက်ပါ။
မကုန်နိုင်မခမ်းနိုင်အောင် ချက်ပြုတ်ပြီး ပိုတာတွေကိုလွှင့်ပစ်လိုက်ရတာက ပိုက်ဆံတွေကိုလွှင့်ပစ်လိုက်တာနဲ့အတူတူပါပဲ။
တတ်နိုင်သလောက်အပြင်ဆိုင်တွေမှာမစားပါနဲ့။ အိမ်မှာပဲသင့်တော်အောင်ချက်ပြုတ်ပြီး အလေအလွင့်မဖြစ်အောင်စားပါ။
တစ်ပတ်စာဟင်းလျာကိုကြိုတင်စဉ်းစားပါ။ ဒါဆိုဈေးထဲမှာ တွေ့ရာမ၀ယ်ဖြစ်တော့ဘူးပေါ့။
၇။ တခြားသော အသေးအဖွဲလေးတွေကိုစိစစ်ပါ။
ဖုန်းဘေအသုံးများရင် အင်တာနက်လိုင်းကိုတစ်ချိန်လုံးမဖွင့်ထားပါနဲ့။ internet ကို package များဝယ်သုံးပါ။
ကိုယ်သတ်မှတ်ထားတဲ့ကာလမပြည့်မချင်း ဘေလ် ထပ်မဖြည့်ပါနဲ့။ အိမ်ရှိလျှပ်စစ်ပစ္စည်းများကို အသုံးမပြုချိန်မှာ
ပိတ်ပြီး ပလပ်ဖြုတ်ထားပါ။ ဒီနည်းအားဖြင့်မီတာခကိုလျှော့ချနိုင်ပါတယ်။ လစဉ်ဆောင်စရာ အခွန်အခတို့ကို
ပုံမှန်ဆောင်ခြင်းအားဖြင့် ရက်လွန်ဒဏ်ကြေးကိုရှောင်ပါ။ သွားမယ်လာမယ်ဆိုရင် အများသုံးယာဉ်ကိုဦးစားပေးစီးပါ။
ဒီနည်းတွေအတိုင်းလိုက်နာပြီးပြီဆိုရင် လကုန်တဲ့အခါ ချွေတာငွေလေးတွေကို အပိုစုဆောင်းနိုင်မှာပါ။
လူငယ်တွေအတွက် သုတ ရသများကိုတင်ဆက်ပေးနေတဲ့ Prospect Myanmar ကို Like ထားပါဦး။
Post a Comment