Header Ads

အိမ်မွေးတိရိစ္ဆာန်လေးတွေမွေးခြင်းဖြင့်ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ


သင့်မှာအိမ်မွေးတိရိစ္တာန်ရှိပါလား (သို့မဟုတ်) မွေးဖူပါလား။ မွေးဖူးတယ်ဆိုရင်တော့ သူတို့လေးတွေကြောင့် ပျော်ရွှင်ပြီး စိတ်အပန်းတွေပြေစေတယ်ဆိုတာသိပြီးလောက်မှာပါ။ ဒါပေမယ့် အဲ့ဒီ့တိရိစ္ဆာန်လေးတွေက သင့်ရဲ့ စိတ်ကျန်းမာရေး နဲ့ ကိုယ်ကျန်းမာရေးတို့အတွက်လည်း အထောက်အကူပြုနိုင်တယ်ဆိုတာသင်သိပြီးပြီလား။ အထူးသဖြင့်ခွေးလေးတွေက သင့်ရဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ကသိကအောက်ဖြစ်မှုတွေ၊ စိတ်ဓါတ်ကျမှုတွေ၊ အထီးကျန်မှုတွေကိုပြေလျော့စေတဲ့အပြင် သင့်ကိုကိုယ်လက်လှုပ်ရှားလုပ်ဖြစ်အောင် ကူညီပေးနိုင်ကြပါတယ်။ ဒါ့အပြင်သင့်ကိုခွေးလေးတွေက ပျော်ရွင်မှုတွေနဲ့ ချစ်ခြင်းမေတ္တာတွေပေးစွမ်းနိုင်ပါတယ်။

စိတ်နဲ့ ကျန်းမာရေးကိုခွေးတွေကဘယ်လိုအထောက်အကူပြုသလဲ

တခြားအိမ်မွေးတိရိစ္ဆာန်တွေနဲ့ယှဉ်လိုက်ရင် ခွေးတွေကလူတွေရဲ့ အမူအရာနဲ့ ခံစားချက်တွေကိုပိုပြီး သိရှိနိုင်ပါတယ်။ ခွေးတွေကလူတွေပြောတဲ့စကားလုံးတချို့ကိုနားလည်တဲ့အပြင် အသံအနေအထားနဲ့ ကိုယ်လက်အမူအရာတွေကိုဘာသာပြန်နိုင်စွမ်းရှိပါတယ်။ သူငယ်ချင်းကောင်းတယောက်လိုမျိုး သင့်ရဲ့မျက်လုံးထဲကိုစိုက်ကြည့်ပြီး သင့်ရဲ့ခံစားချက်တွေ၊ သင်ဘာစဉ်းစားနေသလဲဆိုတာတွေကို သိရအောင် ကြိုးစားနေတတ်ကြသူတွေဖြစ်ပါတယ်။

သုတေသနပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်အရ အိမ်မွေးတိရိစ္ဆာန်မွေးထားသူတွေမှာ နှလုံးရောဂါရနိုင်မှု အလွန်လျော့နဲပြီး အသက်ရှည်ရှည်ပိုနေနိုင်ကြတယ်လို့ဆိုပါတယ်။ အောက်ပါအချက်တွေကိုလည်းတွေ့ရှိထား ပါသေးတယ်။
– စိတ်ကျရောဂါခံစားရနိုင်ချေဟာ အိမ်မွေးတိရိစ္ဆာန်မရှိသူတွေထက် ခွေးမွေးသူတွေမှာ ပိုနဲပါတယ်။
– ခွေးမွေးသူတွေမှာသွေးတိုးရောဂါရနိုင်ချေအလွန်နဲပါတယ်။ လေ့လာတွေ့ရှိချက်တခုအရ သွေးတိုးဝေဒနာရှင်တ
ချို့ဟာခွေးမွေးပြီး ၅လအကြာမှာ သွေးတိုးရောဂါအလျင်အမြန်ကျဆင်းသွားတာ တွေ့ရှိရပါတယ်။
– ခွေးလေးကြောင်လေးတွေနဲ့ကစားပေးခြင်းအားဖြင့် သင့်ရဲ့စိတ်ကိုငြိမ်သက် အနားရစေပါတယ်။
– ခွေးမွေးထားတဲ့ နှလုံးဝေဒနာရှင်တွေဟာ ခွေးမမွေးထားတဲ့လူနာတွေထက် ပိုအသက်ရှည်ရှည် နေရပါတယ်။
ခွေးလေးကြောင်လေးမွေးခြင်းအားဖြင့် ဒီလိုအကျိုးကျေးဇူးတွေရနိုင်တာဟာ လူတွေရဲ့အခြေခံလိုအပ်ချက် တွေကိုသူတို့လေးတွေကဖြည့်စည်းပေးနိုင်လို့ပါ။ ဘယ်လောက်ပဲဆိုးပါတယ်ဆိုတဲံရာဇဝတ်အကျဉ်းသားတောင် ထောင်ထဲမှာခွေးလေးမွေးပြီးတဲ့အခါ ပျော့ပျောင်းနူးညံ့လာပါတယ်။ ပွတ်သပ် ပွေ့ဖက် ကစားပြီး တိရိစ္ဆာန်ရဲ့ချစ်ခြင်းမေတ္တာကိုရရှိတဲ့အခါ လူတွေရဲ့ စိတ်အလိုမကျမှုတွေ ဒေါသတွေ အထီးကျန်မှုတွေ အလိုလိုလျော့ကျသွားစေနိုင်ပါတယ်။

ခွေးလေးတွေကသင့်ကိုကျန်းမာတဲ့ ဘဝနေထိုင်မှုတခုဘယ်လိုပေးသလဲ

ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံပြောင်းလဲလိုက်တာနဲ့ လူတယောက်ရဲ့စိတ်ကျဝေဒနာတွေ စိတ်ဖိစီးမှုတွေ အစရှိတဲ့ ရောဂါတွေအားလုံးလျော့ကျသွာစးနိုင်ပါတယ်။ ခွေးလေးတကောင်ပြုစုပျိုးထောင်ဖို့ဆုံးဖြတ်လိုက်တာနဲ့ သင်လည်းအလိုလို ကျန်းမာတဲ့ ဘဝနေထိုင်မှုတခုရသွားနိုင်တာပါပဲ။
– လေ့ကျင့်ခန်းပိုလုပ်ဖြစ်ခြင်း – ခွေးလေးနဲ့လမ်းလျောက်ထွက်ခြင်း ပြေးခြင်း၊ တောင်တက်ခြင်းတို့ဟာ သင့်ရဲ့ပုံမှန်လေ့ကျင့်ခန်းလုပ်ချိန်တခုဖြစ်လာမှာအသေအချာပါ။ ကိုယ်တယောက်ထည်းဆိုရင် ကိုယ်လက်လှုပ်ရှားပုံမှန်လုပ်ဖြစ်မှာမဟုတ်ပေမယ့် ခွေးလေးရှိလာတော့ သူ့အတွက် လမ်းလျောက်ပေးရင်း ကိုယ်လဲလေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်သွားတာပေါ့။
– အဖေါ်ပြုပေးခြင်း – အဖေါ်ပြုပေးသူရှိတဲ့အခါ သင့်မှာဖျားနာမှုတွေလျော့နဲလာနိုင်ပြီး အသက်ရှည်ရှည် ပိုနေနိုင်တာပေါ့။ တိရိစ္ဆာန်လေးတွေကိုပြုစုပျိုးထောင်ပေးတဲ့အခါ သင့်ကိုယ်သင်အရေးပါတဲ့သူတဦး အဖြစ်မြင်တွေ့ခံစားလာရပါမယ်။ အိမ်ပြန်လာရင်အမြီးလေးရမ်း ဆီးကြို အနမ်းပေးမယ့်ခွေးလေး ရှိနေတဲ့အခါ သင်ဘယ်တော့မှအထီးကျန်မှုခံစားရမှာဟုတ်ပါဘူး။
– စိတ်လှုပ်ရှားမှုလျော့ကျစေခြင်း – ခွေးလေးတကောင်အဖေါ်ရှိနေတာဟာ သင့်ကိုစိတ်လှုပ်ရှားမှုမှ သက်သာစေနိုင်ပါတယ်။
– စိတ်ဖိစီးမှုသက်သာစေခြင်း – ထိတွေ့ခြင်းနဲ့လှုပ်ရှားမှုဟာ စိတ်ဖိစီးမှုလျော့ချပေးနိုင်တဲ့အချက်၂ချက် ဖြစ်ပါတယ်။ ခွေးလေး ကြောင်လေးတွေကိုပွတ်သပ်ပေးခြင်းဖြင့် သင့်ကိုစိတ်ငြိမ်စေပြီးစိတ်ဖိစီးမှု လျော့ကျစေနိုင်ပါတယ်။
အိမ်မွေးတိရိစ္ဆာန်လေးတွေမွေးပြီး ကျန်းမာပျော်ရွှင်စွာ အသက်ရှည်ရှည်နေနိုင်ကြပါစေ။


ပန်းတိမ်လွှာ

No comments