Header Ads

Follow Your Passion!


မနက်အိပ်ရာထတိုင်းမှာ Apple ရဲ့ ပဲ့ကိုင်ရှင် Steve Jobs လုပ်လေ့ရှိတဲ့ အလုပ်တစ်ခုရှိပါတယ်။။

မနက်အိပ်ရာနိုးတာနဲ့ မှန်ရှေ့မှာမတ်တပ်ရပ်၊ မှန်ထဲက ကိုယ့်ကိုကိုယ် ကြည့်ပြီး "အကယ်၍ ဒီနေ့သာ ငါအသက်ရှင်နေထိုင်ရတဲ့ နောက်ဆုံးနေ့ ဖြစ်ခဲ့ရင် ဒီနေ့ လုပ်ရမယ့်အလုပ်တွေကို ငါလုပ်ချင်ရဲ့လား" ဆိုတဲ့ မေးခွန်း မေးပါသတဲ့။

ကျွန်တော်တို့လဲ ဒီအလေ့အကျင့်ကို လုပ်ထားသင့်ပါတယ်။ အကယ်၍ ကိုယ့်ကိုကိုယ် မေးလိုက်လို့ No ဆိုတဲ့အဖြေထွက်လာရင်တော့ ပြောင်းလဲဖို့ အချိန်တန်ပြီ။

ကျွန်တော်တို့ နေ့စဉ် ရုံးသွားတက်ရတယ်၊ အလုပ်လုပ်ရတယ်။ ဒီအလုပ်ဟာ ကိုယ်တကယ်လုပ်ချင်တဲ့ အလုပ်ဟုတ်ရဲ့လား? အကယ်၍ ဒီနေ့ပြီးလို့ ကိုယ် သေရတော့မယ်ဆိုရင် ကိုယ်မလုပ်ချင်တဲ့အလုပ်ကို လုပ်ပြီးသေသွားမှာလား? မပြောင်းတော့ဘူးလား။

နှလုံးသားက ပြောတဲ့စကားကို နားထောင်ရင် အောင်မြင်မှုက အနောက်က လိုက်လာပါလိမ့်မယ်။

No comments