ဖြန့်ကျက်တွေးတောခြင်း
ဖြန့်ကျက်တွေးတောခြင်းဆိုတာ တကယ်တော့ ပြဿနာရဲ့ အဖြေရှာနည်းထက်ကို ပြဿနာမှ လွန်မြောက်နည်း ဖြစ်ပါတယ်။ လူတစ်ယောက်ကို အခက်တွေ့စေနိုင်တဲ့ အတားအဆီး မျိုးကို အခြား နည်းလမ်းရှာပြီး ဖြတ်ကျော်တဲ့ ပုံစံလေးပါပဲ။
ဖြန့်ကျက်တွေးတောခြင်း အကြောင်းကို သာဓက တစ်ခု ပြလိုပါတယ်။ တစ်ခါက လူ ၂ ယောက် တောတစ်တော ထဲမှာ ကျား ၁ ကောင်နဲ့ နှဖူးတွေ့ဒူးတွေ့ တွေ့တော့ ကြောက်လန့် သွားတယ်။
ဒီမှာ တစ်ယောက်သော လူက ချက်ချင်း ဖိနပ်ကောက်ချွတ်ပြီး ခါးကြား ထိုးလိုက်တယ်။ ဒီအခါမှာ ကျန်တစ်ယောက်ကမေးတယ်။ "မင်း ဖိနပ်ကို ချွတ်တော့ရော.. ကျားလက်က လွတ်မတဲ့လား.." တဲ့။ ဒီအခါမှာ ဖိနပ်ချွတ်တဲ့ လူက ဒီလိုပြန်ဖြေရင်း တချိုးထဲ ထွက်ပြေးသွားတယ်။
"ကျားလက်ကတော့ ဘယ်လွတ်မလဲကွာ။ ဒါပေမယ့် မင်းထက်မြန်အောင်ပြေးနိုင်ရင် လွတ်ပြီ မဟုတ်လား။"
ဒီသဘောလေးနဲ့ အတူတူပါပဲ။ ကိစ္စတိုင်းမှာ ရွေးချယ်စရာ လမ်း ဆိုတာ ပြဿနာ နဲ့ တိုက်ရိုက် မပတ်သက်ပဲ လည်း တည်ရှိနေတတ်ပါတယ်။ ကိုယ့်အနေနဲ့ သတိပြုမိဖို့တော့ လိုတယ်။ ဒီသတိပြု မိခြင်းမှာလည်း စည်းတွေ ဘောင်တွေ ကင်းမဲ့မှသာ မြင်လာနိုင်လိမ့်မယ်။
- မှတ်စုကြမ်း #kyawnge
Post a Comment