၂၀၁၆ ခုနှစ်အတွက် New Year Resolution များနဲ့ Tool များ
၂၀၁၆ ခုနှစ်ကို ကြိုဆိုရင်း Professional များအတွက် ထားသင့်တဲ့ New Year Resolutions တွေနဲ့ အထောက်အကူပြု Tool တွေကို ရေးသားပေးထားပါတယ်.။ (7 Mins Read)
အခုဆိုရင် 2015 ခုနှစ် ကို နှုတ်ဆက်လို့ 2016 ကို ကြိုဆိုရမယ့် အချိန် နီးကပ်လို့လာပြီဖြစ်ပါတယ်.။ ပြီးခဲ့တဲ့ နှစ်ထဲမှာ အောင်မြင်ခဲ့တာတွေကို ဒီနှစ်ထဲကို ဆက်လက်သယ်ဆောင်သွားပြီး ကျရှုံးခဲ့ရမှုတွေကိုလဲ သင်ခန်းစာယူပြီး ရှေ့ဆက်ရမှာဖြစ်ပါတယ်.။ ဒီလိုအချိန်မျိုးဟာ လာမယ့်နှစ်မှာ ကိုယ်ဘာတွေ Accomplish ဖြစ်အောင် လုပ်ရမလဲဆိုတာ ကြိုတင်စဉ်းစားထားသင့်တဲ့အချိန်ဖြစ်ပါတယ်.။ ဒီ Post မှာ MyanmarLeaders ရဲ့ ပရိသတ်များအတွက် နှစ်သစ်မှာ ပိုမိုအောင်မြင်ကြစေဖို့ လိုအပ်တဲ့ Tools နဲ့ Apps များကို မျှဝေပေးသွားမှာဖြစ်ပါတယ်.။
(၁) အကျင့်ဆိုးတွေကို ဖယ်ထုတ်ပြီး အကျင့်ကောင်းတွေကို မွေးမြူခြင်း
ယခင်နှစ်က အကျင့်ဆိုးတွေကို လာမယ့်နှစ်အထိ သယ်မသွားဘဲ စွန့်ပစ်ခဲ့ဖို့ လိုအပ်သလို အကျင့်ကောင်းတွေနဲ့ အစားထိုးဖို့ လိုအပ်ပါတယ်.။ Coach.me နဲ့ Rewire တို့လို App မျိုးတွေဟာ ကိုယ့်ရဲ့ အကျင့်ဆိုးတွေကို ဖယ်ထုတ် အကျင့်ကောင်းတွေကို မွေးမြူဖို့ ကူညီနိုင်ပါတယ်.။ Elevate လို App မျိုးတွေကတော့ ကိုယ့်ရဲ့ ဦးနှောက်ဥာဏ်ရည်ကို လေ့ကျင့်ပေးနိုင်ပြီး စာဖတ်နှုန်းတိုးတက်စေဖို့၊ မှတ်ဥာဏ်ပိုကောင်းစေဖို့ ကူညီပေးပါတယ်.။
(၂) ဘာသာစကားအသစ် သင်ယူခြင်း
ဘာသာစကားတစ်မျိုးမျိုး တတ်ထားခြင်းဟာ ဘယ်တော့မှ အရှုံးမရှိပါဘူး.။ မြန်မာနိုင်ငံလို အရှိန်အဟုန်နဲ့ တိုးတက်စပြုနေတဲ့ နိုင်ငံမျိုးမှာ နိုင်ငံစုံက ဘာသာစကားမျိုးစုံနဲ့ လူမျိုးစုံ ရောက်ရှိလာမှာမို့ အခြားဘာသာစကားတစ်မျိုးမျိုး စတင်သင်ယူဖို့အတွက် အချိန်ကောင်းပါပဲ.။ ဘာသာစကားသင်တဲ့ နေရာမှာ Duolingo ဟာ အကောင်းဆုံးပါ.။ ဒါပေမယ့် Duolingo မှာ ပါတဲ့ ဘာသာစကားတွေက မလုံလောက်ဘူးဆိုရင် ဘာသာစကား အမျိုးပေါင်း (၁၈၀) လောက်ပါတဲ့ Memrise ကို သုံးကြည့်နိုင်ပါတယ်.။
(၃) ကျန်းမာရေး ကောင်းအောင် နေထိုင်ခြင်း နှင့် ခန္ဓာကိုယ် ပုံစံကျအောင် လေ့ကျင့်ခြင်း
New Year Resolution တွေထဲမှာ ဝိတ်ချခြင်း ဟာလဲ ထိပ်တန်း Resolution တစ်ခုပါ.။ ဝိတ်ချစရာမလိုဘူး ဆိုရင်လဲ ခန္ဓာကိုယ် ပုံစံကျအောင် လေ့ကျင့်ဖို့ လိုပါလိမ့်မယ်.။ ဒါ့အပြင် ကျန်းမာရေးကောင်းအောင် အစားအသောက် အနေအထိုင်ကိုလဲ ဂရုစိုက်ဖို့ လိုပါတယ်.။ Lose It! ဟာ ဝိတ်ကျအောင် ကူညီပေးနိုင်တဲ့ App ဖြစ်ပြီး Runtastic ဟာဆိုရင် အပြေးလေ့ကျင့်ခန်း၊ Push up လေ့ကျင့်ခန်း အစရှိတဲ့ လေ့ကျင့်ခန်းတွေ လုပ်ဖို့ ကူညီပေးပါတယ်.။ ကျန်းမာရေးအတွက် ဘာတွေစားသင့်တယ်ဆိုတာကို အကြံပေးချက်တွေ ရယူချင်ရင်တော့ Fooducate က အကောင်းဆုံးပါပဲ.။
(၄) Skill အသစ် သင်ယူခြင်းနှင့် ကိုယ့်ကိုကိုယ် တိုးတက်အောင်မြှင့်တင်ခြင်း
နှစ်သစ်မှာ ကိုယ့်မှာမရှိသေးတဲ့ Skill အသစ်သင်ယူခြင်းနဲ့ ရှိပြီးသား Skill ကို တိုးတက်အောင် မြှင့်တင်ခြင်းတို့ဟာလဲ လုပ်ဆောင်သင့်တဲ့ အချက်များဖြစ်ပါတယ်.။ Udemy နဲ့ Coursera တို့ဟာ ကမ္ဘာ့အကောင်းဆုံး အခမဲ့ အွန်လိုင်း သင်ကြားရေး Program များဖြစ်ကြပါတယ်.။ အဲဒီ Program များမှာ Marketing က စလို့ ထမင်းဟင်းချက်ပြုတ်ခြင်းအထိ သင်ယူချင်သမျှ Skill များကို သင်ယူနိုင်ပါတယ်.။
(၅) စာဖတ်ခြင်း
စာဖတ်ခြင်းဟာ အမှန်တကယ်အကျိုးရှိပါတယ်.။ ဘယ်လိုစာမျိုးကိုပဲဖတ်ဖတ် အကျိုးမယုတ်ပါဘူး.။ TV ရှေ့မှာထိုင်ပြီး ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတီးနေမယ့်အစား စာဖတ်ခြင်းဖြင့် ကိုယ့်အသိပညာတိုးတက်အောင် ကြိုးစားသင့်ပါတယ်.။ ဘာစာအုပ်တွေ ဖတ်သင့်တယ်ဆိုတာကို GoodReads, iBooks နဲ့ GooglePlay Books တို့ကနေ ရှာဖွေဝယ်ယူနိုင်ပါတယ်.။ အွန်လိုင်းကနေ အတွေ့အကြုံတွေ မျှဝေနေတဲ့ Medium နဲ့ Pulse လို App မျိုးတွေကိုလဲ ထည့်သွင်းထားသင့်ပါတယ်.။ မြန်မာလိုဆိုရင်တော့ ကျွန်တော်တို့ရဲ့ MyanmarLeaders App ကိုလဲ ထည့်သွင်းထားပြီး ဖတ်ရှုနိုင်ပါတယ်.။
(၆) ငွေကြေးစီမံခန့်ခွဲခြင်း၊ စုဆောင်းခြင်း နှင့် ပြန်လည်ရင်းနှီးမြှုပ်နှံခြင်း
နှစ်သစ်မှာ ကိုယ့်ကိုယ်ပိုင်ငွေကြေးကို ကောင်းစွာစီမံခန့်ခွဲပြီး စုဆောင်းခြင်း၊ ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းတို့လဲ ပြုလုပ်သင့်ပါတယ်.။ ငွေကြေးစီမံခန့်ခွဲဖို့နဲ့ စုဆောင်းဖို့အတွက် Wallet နဲ့ MoneyLover တို့ကို သုံးနိုင်ပါတယ်.။ ပြန်လည်ရင်းနှီးမြှုပ်နှံဖို့အတွက်ကတော့ ကျွန်တော်တို့ရဲ့ Yangon Stock Exchange မှာ ပြန်လည်ရင်းနှီးမြှုပ်နှံနိုင်ပါတယ်.။ နိုင်ငံခြားဘဏ်အကောင့်များ ဖွင့်ထားရင် ForEx Market တွေနဲ့ Stock တွေမှာ ပြန်လည်ရင်းနှီးမြှုပ်နှံနိုင်ပါတယ်.။
(၇) အလုပ်သစ်ပြောင်းလဲခြင်း နှင့် Career ပြောင်းလဲခြင်း
နှစ်သစ်ဟာ လူသစ်စိတ်သစ်နဲ့ အလုပ်သစ်ပြောင်းလဲဖို့ အကောင်းဆုံးပါပဲ.။ ကိုယ့်ကိုကိုယ် တိုးတက်အောင် မြှင့်တင်နေသူတွေအတွက် ခုထက်ပိုပြီး သင့်တော်တဲ့နေရာကို ပြောင်းလဲတာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်.။ အလုပ်သစ် ရှာဖွေဖို့အတွက် Linkedin နဲ့ Linkedin Job Search (Android, iOS) တို့က ကူညီပေးနိုင်ပါလိမ့်မယ်.။
ဒါတွေကတော့ Professional တစ်ယောက်အတွက် 2016 မှာ ဘာတွေအောင်မြင်အောင် လုပ်သင့်သလဲ ဆိုတဲ့အချက်တွေနဲ့ ကူညီပေးနိုင်မယ့် Tools တွေဖြစ်ပါတယ်.။ Tools တွေဟာ ကျွန်တော့်ရဲ့ Personal Favorite တွေဖြစ်ပါတယ်.။ Digital Marketer တွေအတွက် New Year Resolution နဲ့ Tools တွေကိုလဲ နောက်ထပ် ဆောင်းပါးတစ်ပုဒ်အနေနဲ့ သီးသန့်ရေးပေးသွားဦးမှာပါ.။ ဒီဆောင်းပါးမှာ မိတ်ဆွေတို့ ဖြည့်စွက်ချင်တာများရှိရင် Comment မှာရေးခဲ့နိုင်ပါတယ်.။
Founder of MyanmarLeaders
Post a Comment