စွန့်ဦးတီထွင်သူများနှင့် စီးပွားရေးလုပ်ငန်းများအတွက် Entrepreneur SME website
စွန့်ဦးတီထွင်မှုနှင့် စီးပွားရေးလုပ်ငန်းများအတွက် မဖြစ်မနေအသုံးဝင်မည့်.....
www.Entrepreneursme.com
စီးပွားရေးစတင်မှုဖြစ်ဖြစ်၊ စီးပွားရေးတိုးတက်မှုအတွက်ပဲဖြစ်ဖြစ် ယခု Website မှ စီးပွားရေးအသိပညာ၊ စီးပွားရေးလမ်းညွှန်မှု၊ စီးပွားရေးအဆက်အသွယ်များကို ချိတ်ဆက်ရရှိနိုင်မှာဖြစ်ပါတယ်။
Website တွင် ပါဝင်သည့် အချက်များကို မိတ်ဆက်ဖော်ပြပေးထားပါတယ်။
#Free Training - ဂဏ္ဍတွင် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ခေါင်းစဉ်ပေါင်း (၅၀ ကျော်) အား (အခမဲ့) ၀င်ရောက် ဖတ်ရှုလေ့လာနိုင်ပါသည်။ Free Training အား Click နိုပ်ပြီး Page ၏ ဘေးတွင်ဖော်ပြထားသော Admin & HR, Entrepreneurship, SMEs Development, Sale & Marketing, Global Trading, Business Management စတဲ့ မိမိကြိုက်နှစ်သက်ရာ ဘာသာရပ် တစ်ခုချင်းအလိုက် ရွေးချယ်ဖတ်ရှုနိုင်ပါသည်။
#FAQ - တွင် စွန့်ဦးတီထွင်မှုနှင့် SMEs စီးပွားရေးလုပ်ငန်းများအတွက် အမေးများသော အကြောင်းအရာများကို စီးပွားရေးပညာရှင်များမှ ပြန်လည်ဖြေကြားထားပေးခြင်းဖြစ်ပါတယ်။ မိမိသိလိုသည့် ခေါင်းစဉ်အပေါ်တွင် Click နိုပ်ပြီး လေ့လာဖတ်ရှုနိုင်ပါသည်။ တခြားသိလိုသည့် အကြောင်းအရာများကိုလည်း Contact Us မှဖြစ်စေ၊ Request Feedback မှဖြစ်စေ စာပို့ပြီးမေးမြန်းထားနိုင်ပါသည်။
#Myanmar Business - Myanmar Business တွင် မြန်မာနိုင်ငံအကြောင်းနှင့် မြန်မာ့စီးပွားရေးစစ်တမ်းများ၊ စီးပွားရေးလုပ်ငန်းစဉ်များ၊ အနာဂတ်စီးပွားရေးအလားအလာများအား အဓိကဖော်ပြထားပေးခြင်းဖြစ်ပါသည်။ အသစ်ပေါ်ပေါက်လာတဲ့ စီးပွားရေးဆိုင်ရာ လုပ်ငန်းစဉ်၊ စီမံကိန်းများကို Update ဖော်ပြပေးသွားမည့် အစီအစဉ်ဖြစ်ပါသည်။
#Professional Links - တွင် ဂဏ္ဍအစုံမှ စီးပွားရေးဆိုင်ရာ ပညာရှင်များမှ အနာဂတ်စီးပွားရေးအလားအလာ၊ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြောင်းအရာများအား ကျွမ်းကျင်မှုအလိုက် လစဉ်ရေးသားဖော်ပြပေးမှာဖြစ်ပြီး၊ ပညာရှင်များမှ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပါဝင်ကူညီသွားမည့် အစီအစဉ်ဖြစ်ပါသည်။
#SMEs Register - Entrepreneurs’ နှင့် SMEs တွင် ဈေးကွက်ချိတ်ဆက်ပေးနိုင်မှု၊ စီးပွားရေးအကြံညာဏ်နှင့် လုပ်ငန်းလမ်းညွှန်ချက်များ၊ တခြား Update အချက်အလက်များ ပေးပို့နိုင်ရန်အတွက် လုပ်ငန်းအသစ် စတင်လိုသူများ၊ လက်ရှိလုပ်ငန်းလုပ်ကိုင်နေသူများ Register ပြုလုပ်နိုင်မှု အခွင့်အလမ်းဖြစ်ပါသည်။ Register များအား SMEs လုပ်ငန်းများ ဖွံ့ဖြိုးရေးစီမံချက်များ UNIDO, SMEs စသည့် အဖွဲ့အစည်းများ နှင့်အတူ တခြားသောချိတ်ဆက်ပေးမှုများကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
#New Start-up - တွင် လုပ်ငန်းအသစ် စတင်ထူထောင်သူများအတွက် လိုအပ်လာတဲ့ ဈေးကွက်ကြော်ငြာ၊ စီးပွားရေးချိတ်ဆက်ပေးမှုများကို လုပ်ငန်းအလိုက် (ပုံနှင့်တကွ၊ ဆက်သွယ်ရန်လိပ်စာ) များအား (အခမဲ့) ကူညီဖော်ပြထားပေးခြင်းဖြစ်ပါသည်။ (လုပ်ငန်းအသစ်စတင်မည့် New Entrepreneurs တိုင်းအတွက် ဤ Website သို့ မိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို အီးမေး-ပေးပို့ထားနိုင်ပါသည်)
#Ministry and Association - တွင် ၀န်ကြီးဌာနများအကြောင်းနှင့် ချိတ်ဆက်လိုသည့်ဝန်ကြီးဌာနများအလိုက် Links များပေးထားခြင်း၊ Association တွင် မြန်မာနိုင်ငံရှိ အသင်းအဖွဲ့များ၏ လိပ်စားများ၊ ဖုန်းနံပါတ်များ၊ ဆက်သွယ်ရန်အချက်များကို လွယ်ကူစွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက် ဖော်ပြထားပေးခြင်းဖြစ်ပါသည်။
#Law - တွင် စီးပွားရေးနှင့်ဆိုင်သော ဥပဒေများအား အဓိကဖော်ပြထားပေးခြင်းဖြစ်ပြီး ဥပဒေတစ်ခုချင်း၏ အဓိကအကြောင်းအရာ၊ ပါဝင်သည့်အချက်အလက်များအား ထုတ်နှုတ်မိတ်ဆက်ဖော်ပြထားပေးပြီး မိမိသိရှိလိုသည့် ဥပဒေတစ်ခုချင်းအလိုက် Download ကို နှိုပ်ပြီး ကူးယူဖတ်ရှုနိုင်ပါသည်။
လစဉ် အစီအစဉ်အသစ်များကို ထပ်မံဖော်ပြပေးသွားမည်ဖြစ်ပြီး စွန့်ဦးတီထွင်မှုနှင့် SMEs စီးပွားရေးလုပ်ငန်းများသို့ အဓိကကူညီ ဆောင်ရွက်ပေးသွားပါမည်။
မြန်မာစီးပွားရေး၏ (၉၇%) အဓိကပါဝင်နေသည့် SMEs လုပ်ငန်းများနှင့် စီးပွားရေးစွန့်ဦးတီထွင်မှုကို ကူညီအားပေးမှုများဖြင့် အချိန်တိုအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေနိုင်မည်ဟုယုံကြည်လျှက်.....
Founder - Zin Phyo Paing (Future Myanmar)
www.myanmarleaders.com
Post a Comment