Header Ads

ကမ္ဘာ့ မဟာကုမ္ပဏီကြီးများ၏ အစောပိုင်းနေ့ ရက်များ ကို ပြန်လည် ဆန်းစစ်ခြင်း


ကမ္ဘာပေါ်မှာ အကြီးဆုံး ကုမ္ပဏီအချို့ရဲ့ အစပြုခဲ့ပုံများကို စုစည်းတင်ပြပေးထားပါတယ်.။ (5 Mins Read)



ကမ္ဘာ့ မဟာကုမ္ပဏီကြီးများသည် ယနေ့ ခေတ်အခါ တွင် တောက်ပြောင်လှသော ကော်ပိုရိတ်နေရာများတွင် နေရာယူထားကြသော်ငြားလည်း တစ်ချိန်တုန်းက ၄င်းတို့ သည် ယခုလိုနေရာများနှင့် ကွဲပြားခြားနားလှသော ပတ်ဝန်းကျင်တွင် အစပြုခဲ့ကြရပါသည်။ ထိုအကြောင်းကို အောက်ပါ သာဓကများဖြင့် ဆန်းစစ်လေ့လာနိုင်ပါသည်။

Amazon

ကမ္ဘာ့ အကြီးဆုံး အွန်လိုင်းစတိုးဖြစ်သော Amazon.com သည် ၁၉၉၄တွင် အွန်လိုင်းစာအုပ်ဆိုင်အနေနှင့် စတင်အသက်ဝင်ခဲ့သည်။ အဲဒီအချိန်တုန်းက ဘယ်လီဗျူး၊ ဝါရှင်တန်တွင်ရှိသော ဂျက်ဖ်ဘေးဇက်၏ ကားဂိုဒေါင်လေးမှသာ အလုံးစုံစတင်ခဲ့သည်။ ဘေးဇက်ဟာ သူ့ ရဲ့ ပထမဦးဆုံးသော စာအုပ်ကို ၁၉၉၅ ဇူလိုင်မှာ စတင်ရောင်းချခဲ့ရပြီး နှစ်နှစ်ကြာပြီးနောက် ၁၉၉၇မှ စတော့ဈေးကွက်တွင် စာရင်းဝင်ခဲ့သည်။

Apple

၁၉၇၆မှာ အသက်၂၁နှစ်နဲ့  ၂၆နှစ် အသီးသီးရှိတဲ့ စတိဗ်ဂျော့ဘ်နှင့် စတိဗ်ဝေါ့ဇ်နီးယက်(က) က ဝေါ့ဇ်နီးယက်(က)ရဲ့  အက်ပဲလ်ကွန်ပျူတာ အလုံး ၅ဝ ကို တစ်လုံးဒေါ်လာ ၅ဝဝ နှင့် ဒေသခံ လက်လီ အရောင်းဆိုင် ကို ရောင်းချခြင်းဖြင့် အက်ပဲလ်ကွန်ပျူတာကို စတင်ခဲ့သည်။ ဂျော့ဘ်သည် အဝယ်လွှာများကို အစိတ်အပိုင်းဖြန့် ဝေသူတစ်ယောက်ထံ ယူသွားပြီးမှ အစိတ်အပိုင်းတွေကို မှာယူခဲ့သည်။ သူတို့ နှင့် သေးငယ်လှသော အသင်းအဖွဲ့ လေးသည် ကျူပါတီနို၊ ကယ်လီဖိုးနီးယားမှာ ရှိတဲ့ ကားဂိုဒေါင်လေး ကနေ ရက်၃ဝအတွင်းမှာ ကွန်ပျူတာအလုံး၅ဝကို လက်ဖြင့်ပြုလုပ်ခဲ့သည်။ အက်ပဲလ်သည် ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးမားဆုံး နည်းပညာကုမ္ပဏီဖြစ်ပါသည်။

Disney

အန်နာဟိမ်း၊ ကယ်လီဖိုးနီးယားမှာ ရှိတဲ့ ဒစ္စနီလန်းပတ်ခ်ကနေ ၄၅ မိနစ်လောက် လမ်းအောက်လျှောက်လိုက်လျှင် လော့စ်အန်ဂျလိစ်တွင် အိမ်တစ်လုံးရှိပါသည်။ ယင်းသည် ဝေါ့ဒစ္စနီကုမ္ပဏီ အစပျိုးခဲ့သောနေရာဖြစ် သည်။ ၁၉၆၃မှာ ဒီအိမ်ကို ဝေါ့ဒစ္စနီရဲ့ ဦးလေး ရောဘတ်ဒစ္စနီက ပိုင်ဆိုင်ပါတယ်။ ဝေါ့လ်(ဒ်)နဲ့  သူ့ အကို ရွိုင်းတို့ ဟာ သူတို့ ဦးလေးနှင့် အတူ ရွှေ့ ပြောင်းလာပြီးနောက် ကားတစ်စီးသာဆန့် တဲ့ ကားဂိုဒေါင်ကနေ ပထမဦးဆုံးသော ဒစ္စနီစတူဒီယိုကို ထူထောင်ခဲ့ပါတယ်။

Google

စတန်းဖို့ ဒ်ကျောင်းထွက်ကျောင်းသားများဖြစ်တဲ့ လယ်ရီပေ့ခ်ျနဲ့  ဆာဂျီဘရင်းဟာ စူဆန်ဝေါ့စ္စကီးရဲ့ ကားဂိုဒေါင်ကနေ ယနေ့ Googleလို့ သိတဲ့ဟာကို ၁၉၉၈ စက်တင်ဘာမှာ စတင်ခဲ့ပါတယ်။ မကြာခင်မှာပဲ ဒီစီမံကိန်းဟာ သူတို့ ရဲ့ ကျောင်းစာတွေကြောင့် အတားအဆီးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သူတို့ ဟာ Excite ကို ဒေါ်လာတစ်သန်းနဲ့ ရောင်းချဖို့ ကြိုးစားခဲ့ပါတယ်။ Exciteက ကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့တဲ့နောက်မှာတော့ Google ဟာ ယနေ့ မှာ ကမ္ဘာပေါ်မှာ လမ်းကြောင်းအကျပ်ဆုံး ဆိုဒ်(site) တစ်ခုဖြစ်လာပါတယ်။

Harley Davidson

၁၉ဝ၁ခုနှစ်မှာ ၂၁နှစ်သား ဝီလီယံအက်စ်ဟာလီဟာ စက်ဘီးကိုစွမ်းအားမြှင့် ဖို့ အင်ဂျင်အသေးစားတစ်လုံးကို ဖန်တီးဖို့ စီမံကိန်းတွေ ဆွဲခဲ့ပါ တယ်။ နောက်နှစ်နှစ်ကြာပြီးတဲ့အချိန်မှာတော့ ဟာလီနဲ့ သူ့ ရဲ့ ငယ်သူငယ်ချင်း အာသာဒေးဗစ်ဆင်တို့ က မီလ်ဝါယူကီး၊ ဝစ္စကွန်ဆင်မှာရှိတဲ့ သူတို့ သူငယ်ချင်းရဲ့  သစ်သားတဲလေးကနေ သူတို့ ရဲ့ မော်တော်ဆိုင်ကယ်ကို တည်ဆောက်ခဲ့ပါတယ်။ ၄င်းဟာ ကားဂိုဒေါင်တစ်လုံးနှင့် ညီမျှနေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ မှာ ကားတွေမရှိလို့ ပါပဲ။ သူတို့ က ဟာလီဒေဗစ်ဆင် ကို ၁၉ဝ၃မှာ တရားဝင်တည်ထောင်ခဲ့ပြီး ယနေ့ ခေတ် မှာတော့ ဟာလီဒေဗစ်ဆင်ဆိုတာ ကမ္ဘာပေါ်မှာ လူသိအများဆုံး မော်တော် ဆိုင်ကယ် အမှတ်တံဆိပ်ပဲဖြစ်ပါတယ်။

Hewlett-Packard

၁၉၃၉မှာ ဘီလ်ဟျူးလတ်နဲ့ ဒေ့ဗ်ပတ်ကတ်က ကနဦးရင်းနှီးမြှုပ်နှံငွေ ၅၃၈ဒေါ်လာနဲ့  ပတ်ကတ်ရဲ့ ကားဂိုဒေါင်ထဲမှာ HP ကို တည်ထောင်ခဲ့ပါတယ်။ သူတို့ ရဲ့ ပထမဦးဆုံးထုတ်ကုန်ကတော့ အသံလှိုင်းထုတ်ကိရိယာဖြစ်ပြီးတော့ ပထမဦးဆုံးဖောက်သည်များထဲကတစ်ယောက်ကတော့ Walt Disney ဖြစ်ပါ တယ်။ Fantasia ဆိုတဲ့ရုပ်ရှင်အတွက် အသံစနစ်တိုး တက်အောင် အသံလှိုင်းထုတ်ကိရိယာရှစ်ခုကို ဝယ်ယူခဲ့သုပေါ့။ ပါလိုအယ်လ်တိုမှာရှိတဲ့ HP ရဲ့ ကားဂိုဒေါင်ကတော့ ဆီလီကွန်တောင်ကြား (Sillicon Valley) စတင်မွေးဖွားရာနေရာအဖြစ် သိကြပါတယ်။ HP က ယနေ့ မှာတော့ ကမ္ဘာပေါ်မှာ အကြီးဆုံးကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပါတယ်။

Lotus Cars

၁၉၄၈မှာ အသက်၂ဝအရွယ်ရှိတဲ့ အန်သနီကော်လင်းဘရုစ်ချက်ပ်မင်း ဟာ မြောက်လန်ဒန်ရဲ့  ဟွန်ဆီမှာရှိတဲ့ Railway ဟိုတယ်ရဲ့ အနောက် ဘက် မြင်းဇောင်းထဲမှာ ပထမဦးဆုံး Lotus ပြိုင်ကားကို တည်ဆောက်ခြင်းဖြင့် Lotus Cars ကို စတင်ခဲ့ပါတယ်။ ချက်ပ်မင်းဟာ ၁၉၃ဝ အော်စတင်ဆဲဗင်းနဲ့  လျှပ်စစ်လွန်ပူတစ်ခုနဲ့ the Lotus Mark 1 ကိုတည်ဆောက်ခဲ့ပါတယ်။

Maglite

၁၉၅ဝမှာ တိုနီမက်ခ်လီကာဟာ စစ်ကြောင့်ပျက်စီးနေတဲ့ ခရိုအေးရှားမှ အမေရိကားသို့ ရွှေ့ ပြောင်းလာခဲ့တယ်။ အင်္ဂလိပ်လိုအနည်းငယ် သာတတ်သော်လည်း သူဟာ Los Angeles မှာအခြေချပြီး ရသမျှနေရာတိုင်းက အလုပ်ကိုလုပ်ခဲ့တယ်။ ၁၉၅၅မှာ မက်ခ်လီကာဟာ ၁၂၅ဒေါ်လာစုပြီးတဲ့နောက် သူရဲ့ ပထမဦးဆုံးတွင်ခုံကို ငွေအကြေချေခဲ့တယ်။ အဲဒီနောက်မှာ သူက လော့စ်အန်ဂျလိစ်နယ်မြေ ကားဂိုဒေါင်ကနေ အနုစိတ်အစိတ်အပိုင်းတွေ ထုတ်လုပ်ဖို့  စတင်လုပ်ဆောင်တော့တယ်။ သူဟာ Mag Instrument ကို ၁၉၇၄မှာ စတင်တည်ထောင်ပြီးတော့ ၁၉၇၉မှာတော့ ပထမဦးဆုံး လက်နှိပ်ဓာတ်မီးကို ထုတ်လုပ်ခဲ့တယ်။ ယနေ့ ခေတ်မှာတော့ Magliteဟာ USမှာရှိတဲ့ ရဲအရာရှိတွေအကုန်လုံးရဲ့  စံမျိုးဆက်လက်နှိပ်ဓာတ်မီးဖြစ်လာခဲ့တယ်။

Mattel

ဟယ်လ်ရိုး မတ်မေဆင်နှင့် အဲလီယက်ဟန်ဒလာတို့ ဟာ ၁၉၄၅မှာ Mattelကို ဓာတ်ပုံဘောင်ကုမ္ပဏီအနေနဲ့  တောင်ကယ်လီဖိုးနီးယားမှာရှိတဲ့ ကားဂိုဒေါင်တစ်ခုကနေ တည်ထောင်ခဲ့တယ်။ သူတို့ ရဲ့ ကုန်ကြမ်းတွေကနေ အများဆုံးပြန် လည်ရရှိဖို့ အတွက် ဓာတ်ပုံဘောင်အပွန်းတွေကနေ အရုပ်အိမ်တွေဖန်တီးဖို့  စတင်ခဲ့တယ်။ မကြာခင်မှာပဲ သူတို့ ရဲ့ အရုပ် အိမ်တွေ ဟာ ဓာတ်ပုံဘောင်တွေ ထက် ရောင်းကောင်း လာတဲ့ အတွက်ကြောင့် သူတို့ ဟာ အရုပ်ကို ပိုအာရုံစိုက်လာတယ်။ ယနေ့ ခေတ် မှာတော့ Mattel ဟာ ကမ္ဘာပေါ်မှာ အမြင့်မားဆုံးအသားတင်မြတ်တဲ့ အရုပ်ကုမ္ပဏီဖြစ်လာပါတယ်။

Yankee Candle ကုမ္ပဏီ

၁၉၆၉မှာ ၁၆နှစ်သား မိုက်ကယ် ကစ်ထရက်ခ်ျဟာ သူ့ အမေအတွက် လက်ဆောင်တစ်ခုအနေနဲ့  ပျော်နေသောဖယောင်းကနေ ရနံ့ ရှိတဲ့ ဖယောင်းတိုင် ကို ကားဂိုဒေါင်ကနေ ပြုလုပ်ခဲ့တယ်။ အိမ်နီးနားချင်းတွေက သတိထားမိခဲ့ပြီး ကစ်ထရက်ခ်ျရဲ့ ဖယောင်းတိုင်တွေကို ဝယ်လိုစိတ်ထက်သန် မှုပြခဲ့တယ်။ အဲဒီအတွက် သူဟာ စတင်ပြီး အမြောက်အများ ထုတ်လုပ် ခဲ့တယ်။ လေးနှစ်ကြာပြီးတဲ့နောက်မှာတော့ ကစ်ထရက်ခ်ျဟာ ကားဂိုဒေါင် ထက်များပြားတဲ့ ထုတ်ကုန်တွေကို ထုတ်နိုင်တဲ့အတွက် ဟိုရိုကီး၊ မက်ဆာချူးဆက် မှာရှိတဲ့ စက်ရုံဟောင်းတစ်ရုံသို့  Yankee Candle ကုမ္ပဏီကို ပြောင်းရွှေ့ ခဲ့တယ်။ ယနေ့ ခေတ်မှာတော့ ၄င်းဟာ USမှာ အကြီးဆုံး ရနံ့ ရှိသောဖယောင်းတိုင် ထုတ်လုပ်သူဖြစ်ပါတယ်။

Reference: Business Executive
www.myanmarleaders.com

No comments