Customer Service (ဖောက်သည်များအား ၀န်ဆောင်မှုပေးခြင်း)
Customer Service အကြောင်း သိကောင်းစရာများကို ကိုဇင်ဖြိုးပိုင်မှ ရေးသားတင်ပြပေးထားပါတယ်.။ (3 Mins Read)
စီးပွားရေး လုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှုဆိုတာ (Customer) အရည်အတွက် များစွာပိုင်ဆိုင်နေခြင်းလို့လည်း ဆိုနိုင်ပါတယ်။ ကမ္ဘာ့ရဲ့ Customer သီအိုရီတစ်ခုကတော့ (No Customer = No Business) ပါပဲ၊ ဖောက်သည်တွေသာ မရှိခဲ့ဘူးဆိုရင် စီးပွားရေးဆိုတာလည်း မရှိပါဘူးတဲ့။ တရုတ်ပြည်ရဲ့ သန်းကြွယ်သူဌေး Alibaba ဂျက်မရဲ့ (10 Rules for Success) ရဲ့ စီးပွားရေးမှာ သူဦးစားပေးတာတွေက ပထမဆုံး Customer၊ ဒုတိတယက Staff ၊ တတိယက Shareholder ဆိုပြီး (ပထမဆုံးဦးစားပေးတာက) Customer ဖြစ်တယ်လို့ဆိုပါတယ်။
အားလုံးသော Customer တိုင်းဟာ Value ဆိုတဲ့ (တန်ဖိုးတရား) ကိုရှေ့ရှုတက်ကြပါတယ်။ သဘောတရားမှာတော့ Value = Benefit / Cost ပါပဲ၊ သူတို့ပေးလိုက်တဲ့ ကုန်ကျစရိတ်-အချိန်ထက်စာရင်၊ ပြန်ရလိုက်တဲ့ တန်ဖိုး-အရည်အသွေးက ပိုကောင်းနေရင်တော့ Customer Satisfy (ဖောက်သည် စိတ်ကျေနပ်မှု) ဆိုတာ ဖြစ်လာပါတယ်၊ Customer Satisfy စိတ်ကျေနပ်တဲ့ဝယ်ယူသူတိုင်းဟာ နောက်တစ်ကြိမ်ထပ်ပြီးဆက်သွယ်တက်ကြသလို၊ Dissatisfy စိတ်ကျေနပ်မှုမရခဲ့ရင်တော့ တခါသာ ချိတ်ဆက်-ဆက်ဆံ သွားမှာဖြစ်ပြီး ရေရှည်အတွက် ဖောက်သည် ဖြစ်လာဖွယ်တော့ မရှိနိုင်ပါဘူး။
ဒါကြောင့် ၀န်ဆောင်မှုဟာ အလွန်အရေးကြီးတယ်ဆိုတာကို If your Service Poor, Customers will stop doing business, Not product Quality because of they Feel Poorly Treated ဆိုတဲ့သဘောအတိုင်းပဲဖြစ်ပါတယ်။
ဒါကြောင့် ၀န်ဆောင်မှုဟာ အလွန်အရေးကြီးတယ်ဆိုတာကို If your Service Poor, Customers will stop doing business, Not product Quality because of they Feel Poorly Treated ဆိုတဲ့သဘောအတိုင်းပဲဖြစ်ပါတယ်။
လုပ်ငန်းတိုင်းမှာ (3-C ဆိုတဲ့) မိမိရဲ့ Company ကုမ္ပဏီ၊ မိမိရဲ့ Competitor ပြိုင်ဘက်၊ မိမိရဲ့ Customer ဆိုပြီး အဓိက အာရုံစိုက်ဖို့လိုပါတယ်။ ခေတ်ပြိုင်စီးပွားရေးဖြစ်လာတာနဲ့ Customer ဆိုတာ (Value - တန်ဖိုးတရားပိုပေးနိုင်တဲ့) ဘက်ကို ယိုင်လဲမှာဖြစ်ပါတယ်။ မိမိက တန်ဖိုးပိုပေးရင် မိမိဘက်မှာရှိပြီး၊ Competitor က တန်ဖိုးပိုပေးရင် အပြိုင်ဘက်မှာရှိနိုင်သွားမှာပါ။ ဒါကြောင့် စီးပွားရေးတစ်ခုမှာတော့ အဓိက အာရုံစိုက်ရမှာတော့ မိမိဖောက်သည်တွေရဲ့ စိတ်ကျေနပ်မှုကို အမြဲတမ်းပေးနေဖို့လိုပါတယ်။
Customer ၀န်ဆောင်မှုအတွက် အလွယ်ကူဆုံးသော (I AM BUY) ဆိုတဲ့ အဓိပ္ပါယ် ဖော်ပြချက်နဲ့ ကိုးကားဖော်ပြပေးလိုက်ပါတယ်။
I – Immediately Acknowledge (ဖောက်သည်ကို အသိအမှတ်ပြုပေးနိုင်ဖို့လိုပါတယ်)
A – Anticipate and Ask (ဖောက်သည်တွေရဲ့ လိုအပ်မှုကိုခန့်မှန်းနိုင်ဖို့လိုပါတယ်)
M – Meet Expectations (ဖောက်သည်ရဲ့စိတ်ကျေနပ်မှုကို ၀န်ဆောင်ပေးဖို့လိုပါတယ်)
B – Be Friendly (ဖောက်သည်တွေကို နွေးထွေးရင်းနှီးစွာ ဆက်ဆံပေးမှုရှိဖို့လိုပါတယ်)
U – Thank U, (ဖောက်သည်တွေကို ကျေးဇူးတင်တဲ့ အပြုအမူ အမြဲဖြစ်ဖို့လိုပါတယ်)
Y – Say Yes (အဆင်ပြေမှုအသွင် ဟုတ်ကဲ့စေသော ၀န်ဆောင်မှုမျိုး ရှိဖို့လိုပါတယ်)။
ကျွန်တော်တို့ရဲ့ နယ်အသီးသီးမှာရှိကြတဲ့ Customer တွေနဲ့ Client တွေကို ဒီရေးသားမှုနဲ့အတူ ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံမှာရှိကြတဲ့ စွန့်ဦးတီထွင်မှုလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေရဲ့ အရေးကြီးဆုံးအချက်ဖြစ်တဲ့ Customer တွေနဲ့ ပတ်သက်တဲ့ သိထားသင့်တဲ့ အချက်တချို့ကို မျှဝေဖော်ပြပေးရင်း အောင်မြင်သော စီးပွားရေးလုပ်ငန်းစုများအဖြစ်သို့ ဖန်တီးနိုင်ဖို့.....
Zin Phyo Paing (Future Myanmar)
www.myanmarleaders.com
Post a Comment