Entrepreneur များနှင့် လုပ်ငန်းစတင်လုပ်ကိုင်လိုသူများအတွက် အဆင်ပြေစေမည့် Kanaung Hub
အသစ်ဖွင့်လှစ်ထားသော Kanaung Hub အကြောင်းနှင့် တည်နေရာ၊ လစဉ်ကြေးပေးသွင်းမှု စသည်တို့ကို ရေးသားပေးထားပါတယ်.။ (5 Mins Read)
လုပ်ငန်းစတင်လုပ်ကိုင်လိုသူများ၊ တစ်ဦးတည်းအလုပ်လုပ်ကိုင်နေသော Freelancer များနှင့် Myanmar Entrepreneur များအတွက် Office Space များနှင့် Meeting Room များကို ငှားရမ်းလုပ်ကိုင်နိုင်သော Kanaung Hub အမည်ရှိ Coworking Space တစ်ခုကို စတင်ဖွင့်လှစ်ထားပြီဖြစ်ကြောင်း သိရသည်.။
အဆိုပါ Kanaung Hub ခေါ် လုပ်ငန်း ပျိုးထောင်ရေးနှင့် အရှိန်အဟုန်မြှင့်တင်ရေး ဌာနကို စွန်ဦးတီထွင်မှု၊ ဆန်းသစ် တီထွင်မှုများကို အထောက်အပံ့ ပေးရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ "မြန်မာနိုင်ငံမှာရှိတဲ့ Startup တွေကိုပံ့ပိုးပေးမယ့် စင်တာဖြစ်ပါတယ်၊ လုပ်ငန်း စတင် တည်ထောက်မယ့်သူတွေ အနေနဲ့ ဒီကိုလာပြီး ရုံးခန်းအဖြစ် အသုံးပြု နိုင်မယ်၊ ဒီမှာရှိတဲ့အိုင်တီဆိုင်ရာ ပညာရှင်တွေနဲ့တွေ့ ဆုံပြီး လုပ်ငန်းအတွက် လိုအပ်တာတွေကို မေးမြန်းနိုင်မှာ ဖြစ်ပါတယ်" ဟု KanaungHub မှ ဦးအောင်ကျော်မိုးက ပြောကြားသည်။ KanaungHub တွင် ရုံးခန်း အဖြစ် အသုံးပြုနိုင်မည်အပြင် ရုံးခန်းတစ်ခန်း အတွက် လိုအပ်သော ပစ္စည်း ကိရိယာများ ထောက် ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
"အိုင်စီတီနဲ့ပတ်သက်ပြီး ခုမှလုပ်ငန်း စတင်တည်ထောင်တဲ့သူတွေ၊ လုပ်ငန်းသေးတွေ အတွက် ဆောင်ရွက်ထားတာမို့ KanaungHub မှာ အခန်း အသုံးပြုခြင်း အတွက် ဈေးနှုန်း ကတော့ သောင်းဂဏန်း ဝန်းကျင်ပဲ ဖြစ်မှာပါ" ဟု KanaungHub မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကို သာထက်ကလည်း ပြောကြားသည်။ မြန် မာနိုင်ငံ ကွန်ပျုတာ အသင်းချုပ်နှင့် မြန်မာ အိုင်စီတီဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း လီမီတက်မှ ဆောင်ရွက်ခြင်းဖြစ်ပြီး MICT Park အဆောက်အဦ အမှတ် ၁၄ တွင် တည်ရှိကာ စတုရန်းပေ ၈၀၀၀ ကျယ်ဝန်းကြောင်း၊ လက်ရှိတွင် ပူးတွဲ အလုပ်ခွင့် နေရာ ထိုင်ခင်း၊ သီးခြားအလုပ်စားပွဲ၊ ရုံးသုံးကိရိယာများ၊ အစည်းအဝေး ခန်းမများ၊ စီးပွားရေး အထောက်အကူပြုဝန်ဆောင်မှုများ၊ လမ်ညွှန်မှုများ၊ စွန့်ဦးတီထွင်စွမ်းရည် သင်တန်းများ နှင့်လုပ်ငန်း ပျိုးထောင်မှု အစီအစဉ်များကို ဆောင် ရွက်ပေးနေကြောင်း သိရသည်။
KanaungHub ဝန်ဆောင်မှုများအား စတင် စမ်းသပ်သုံးစွဲနိုင်ပြီး စမ်းသပ်ကာလ ကျော်လွန်ပါက သုံးစွဲသည့် လုပ်ငန်း တည်ထောင်သူများအနေဖြင့် အလုပ် စားပွဲနှင့် လုပ်ငန်းခွင် အသုံးပြုခကို ကန့်သတ်ကာလ အတွင်း အထူးလျော့ဈေးဖြင့် ဆက်လက် သုံးစွဲ နိုင်မည်ဟု သိရသည်။
KanaungHub ဝန်ဆောင်မှုအသုံးပြုခများမှာ Working Area များအနေဖြင့် လူတစ်ဦး၊ လုပ်ငန်းစားပွဲတစ်လုံး အတွက် တစ်လလျှင် ငှားရမ်းခ (၅၀၀၀၀) ကျပ်၊ စားပွဲခုံများတွင် Free Sitting အသုံးပြုလိုသူများအတွက် လူတစ်ဦးလျှင် တစ်လငှားရမ်းခ (၃၀၀၀၀) ကျပ်၊ ကျသင့်မည်ဖြစ်ပြီး တစ်နေ့ချင်းအသုံးပြုလိုသူများအတွက် လူတစ်ဦး၊ တစ်ရက်လျှင် (၃၀၀၀) ကျပ်ဖြင့် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်.။
အသုံးပြုခ အသေးစိတ်များနှင့် Kanaung Hub ၏ တည်နေရာ၊ အခန်းအကျယ်အဝန်းများကို www.kanaunghub.com တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်.။
Post a Comment