Header Ads

အောင်မြင်တဲ့ Startup တိုင်းမှာရှိတဲ့ တူညီတဲ့ အချက် (၄) ချက်


Startup တစ်ခုအောင်မြင်ဖို့အတွက် အရေးကြီးတဲ့အချက် (၄) ချက်ကို သင်ခန်းစာယူနိုင်စေဖို့ ရေးသားတင်ပြပေးထားပါတယ်.။ (5 Mins Read)


အချို့ startup တွေဟာ အောင်မြင်ကြပြီး အချို့က ဘာကြောင့် မအောင်မြင်ကြပါသလဲ? တကယ်တော့ idea က အရမ်းကောင်းနေတယ်၊ ဒါမှမဟုတ် ဆိုးနေတယ်ဆိုတာ အရေးမကြီးပါဘူး.။ အချို့ startup တွေဟာ သူများတွေထက်ပိုပြီး Creative ဖြစ်တယ် ဆိုတာကတော့မှန်ပါတယ်.။ ဒါပေမယ့် Creative ဖြစ်တိုင်း အောင်မြင်တာတော့ မဟုတ်ပါဘူး.။ အောင်မြင်မှု ရရှိဖို့အတွက် အခြားအချက်တွေ အများကြီးလိုအပ်ပါသေးတယ်.။

အောင်မြင်တဲ့ Startup တိုင်းလိုလိုမှာ တူညီတဲ့ အောက်ပါအချက် (၄) ချက်ကို တွေ့နိုင်ပါတယ်.။

(၁) တည်ထောင်သူတွေဟာ သူတို့ရဲ့ အိုင်ဒီယာပေါ်မှာ အရမ်းရူးသွပ်ပြီး ယုံကြည်မှုပြင်းထန်ကြပါတယ်.။

          ယုံကြည်မှုမရှိဘဲ စီးပွားရေးလုပ်ငန်းတစ်ခုကို စမလုပ်ပါနဲ့.။ သင့်ရဲ့ အိုင်ဒီယာပေါ်မှာ လေးလေးနက်နက်ယုံကြည်မှု မရှိရင် (တနည်းအားဖြင့် passion မရှိရင်) မလုပ်တာအကောင်းဆုံးပါပဲ.။ အောင်မြင်နေတဲ့ startup တိုင်းလိုလိုဟာ သူတို့မှာကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားရင်းနဲ့ သူတို့ရဲ့ အိုင်ဒီယာကို ယုံယုံကြည်ကြည် စတင်ခဲ့ကြတာဖြစ်ပါတယ်.။
         
          သင်ကိုယ်တိုင် ယုံကြည်မှုရှိနေတဲ့အခါ သင့်ရဲ့ ဝန်ထမ်းတွေကို ယုံကြည်မှုရှိလာအောင် တွန်းအားပေးဖို့ မခက်ခဲတော့ပါဘူး.။ သူတို့အနေနဲ့ သင့်ဆီမှာ အလုပ်လုပ်နေရတာ သူတို့အတွက် အကောင်းဆုံးမဟုတ်ဘူးလို့ ခံစားမိနေရင်တောင်မှ သူတို့ရဲ့ တည်ထွင်ဆန်းသစ်မှုတွေ၊ ဖန်တီးမှုတွေကို တွန်းအားပေးနိုင်ပြီး သင်နဲ့အလုပ်အတူတူ လုပ်ရတာ ကောင်းတယ်လို့ တွေးလာစေပါတယ်.။

Related: ဝန်ထမ်းအနေနဲ့ အလုပ်လုပ်နေစဉ်မှာ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်ချင်တယ်ဆိုရင်

(၂) သူတို့ဟာ တစ်ချိန်တည်းမှာ မနိုင်မနင်းနဲ့ အများကြီးလုပ်ဖို့ မစဉ်းစားကြပါဘူး.။

          လက်ရှိအောင်မြင်နေတဲ့ startup တွေကို ကြည့်လိုက်ပါ.။ သူတို့ဟာ သူတို့ကို လူတွေသိလာစေတဲ့ ကိစ္စတစ်ခုတည်းကို လုပ်ဆောင်ရှေ့ဆက်ရင်းနဲ့ အောင်မြင်လာကြတာဖြစ်ပါတယ်.။ တစ်ချိန်တည်းမှာ ပြဿနာပေါင်းများစွာကို ဖြေရှင်းဖို့ ကြိုးစားခြင်းဟာ အာရုံစူးစိုက်မှုကို အားနည်းစေပါတယ်.။ လုပ်ငန်းအသစ်တွေမှာ ဒီလိုဖြစ်နေပြီဆိုရင်တော့ ကျရှုံးဖို့နီးလာပြီလို့ ဆိုရမှာပါ.။

          Snapchat ဟာ ပုံတွေကို anonymously ပို့ပေးဖို့ ဆိုတဲ့ပြဿနာတစ်ခုတည်းကို ဖြေရှင်းခဲ့တာဖြစ်ပါတယ်.။ Instagram ကတော့ ဓါတ်ပုံတွေမျှဝေဖို့ ဆိုတဲ့ကိစ္စတစ်ခုတည်းကို စ လုပ်ခဲ့တာပါ.။ Dropbox ကတော့ data တွေကို on the go သိမ်းဆည်းပေးနိုင်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်.။ အောင်မြင်လာပြီးနောက် user တွေများပြားလာမှသာ သူတို့ရဲ့ လိုအပ်ချက်အရ အခြားလိုအပ်တဲ့ service တွေကို ထပ်ပြီးဖြည့်ခဲ့တာဖြစ်ပါတယ်.။

(၃) သူတို့ဟာ သူတို့ရဲ့ customer တွေကို ဂရုတစိုက်နဲ့ တန်ဖိုးထားတတ်ကြပါတယ်.။

          Customer Service ဟာ သိပ်အရေးပါတဲ့ အချက်ဖြစ်ပါတယ်.။ အောင်မြင်တဲ့ startup တိုင်းဟာ သူတို့ရဲ့ Customer တွေရဲ့ စိတ်ကျေနပ်မှုကို အဓိကထားလေ့ရှိပါတယ်.။ ကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ဟာ အရမ်းအရေးကြီးတဲ့အကြောင်း သင့်ရဲ့ ဝန်ထမ်းတွေကို သေသေချာချာ ပြောပြထားသင့်ပါတယ်.။ သင့်ရဲ့ product တွေကိုလဲ customer တွေအတွက် သေသေချာချာစဉ်းစားပြီး ထုတ်လုပ်သင့်ပါတယ်.။ အောင်မြင်တဲ့ startup တွေဟာ customer တွေရဲ့ feedback တွေကို နားထောင်ပြီး သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်စည်းပေးလေ့ရှိကြပါတယ်.။

          သင်နဲ့ပူးပေါင်းဆောင်ရွက်ရတာ၊ သင့်ဆီမှာအလုပ်အပ်ရတာဟာ သူတို့ဘဝမှာ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ လို့ ထင်ရတဲ့အထိ ဝန်ဆောင်မှုပေးပါ.။ ဒါဆိုရင်သေချာပါတယ်.။ သင်ဟာသူတို့နဲ့ အချိန်အကြာကြီး လက်တွဲနိုင်တော့မှာပါ.။

Related: သင့် STARTUP အတွက် အသုံးဝင်မယ့် TOOLS (5) မျိုး

(၄) သူတို့ဟာ culture ရဲ့အရေးပါပုံကိုလဲ မေ့လျော့နေလေ့မရှိပါဘူး.။

          အောင်မြင်တဲ့ startup များဟာ သူတို့ရဲ့ ဝန်ထမ်းတွေအတွက် အကောင်းမွန်ဆုံး culture ကို ထောက်ပံ့ပေးလေ့ရှိပါတယ်.။ လုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုတာ အဲဒီလုပ်ငန်းရဲ့ နောက်ကွယ်က Team ပေါ်မှာလဲ အများကြီးမူတည်ပါတယ်.။ သင်ခန့်အပ်လိုက်တဲ့သူတွေဟာ သင့်လုပ်ငန်းအောင်မြင်ဖို့ အကြီးမားဆုံး အထောက်အပံ့တွေပါ.။ Culture fit ဖြစ်ဖို့ဆိုတာကလဲ သင်ဝန်ထမ်းသစ် ခန့်တိုင်းမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခုဖြစ်ပါတယ်.။

          မှန်ကန်တဲ့ skills ရှိတဲ့သူတွေ၊ ကောင်းမွန်တဲ့ personality ရှိတဲ့သူတွေကို ခန့်အပ်ခြင်းအားဖြင့် သာမန်သာ စဉ်းစားပြီး ခန့်အပ်မှုထက် ကောင်းတယ်ဆိုတာ ငြင်းလို့မရပါဘူး.။ Culture တစ်ခုနဲ့ အံဝင်ခွင်ကျ ဖြစ်ဖို့ဆိုတာ အချိန်ယူဖို့လိုပါတယ်.။ ဒါပေမယ့် သင်သာ သင့် Team ရဲ့ culture ကို မျက်ခြေမပြတ်ဘူးဆိုရင်တော့ သေချာပါတယ်.. သင်ဟာ အရမ်းကောင်းမွန်တဲ့ ကုမ္ပဏီတစ်ခုကို တည်ဆောက်နေတာပါပဲ.။ Google ဟာ သူ့ဝန်ထမ်းတွေကို ကောင်းကောင်းဆက်ဆံသလို သင့်ကုမ္ပဏီကလဲ ကောင်းကောင်းဆက်ဆံမယ်ဆိုရင် သင့်ကုမ္ပဏီဟာ Google လိုဖြစ်မလာဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး.။

Keyword: Myanmar Business

Written by: အောင်မွန်ချမ်း
Based on: 4 Things Remarkable Startups Have In Common
www.myanmarleaders.com


No comments