Header Ads

သင့် Startup အတွက် အသုံးဝင်မယ့် Tools (5) မျိုး

Startup တစ်ခုစတင်တည်ထောင်စဉ်မှာ သင့်လုပ်ငန်းကို ပိုမိုလျှင်မြန်ပြီး Effective ဖြစ်အောင် ကူညီဆောင်ရွက်ပေးနိုင်မယ့် Tools (5) ခုကို တင်ပြပေးလိုက်ပါတယ်.။


(1) Trello

Trello ဟာ Task assignment တွေ ချပေးရာမှာ၊ လုပ်ရမယ့်အလုပ်ကို Priority နဲ့ စီစဉ်ပေးရာမှာ၊ မလုပ်ရသေးသောအလုပ်၊ လုပ်ပြီးတဲ့အလုပ် အစရှိတဲ့ Task တွေကို Management လုပ်ရာမှာ အရမ်းအသုံးဝင်တဲ့ Tool တစ်ခုဖြစ်ပါတယ်.။ သုံးရတာလဲ ရိုးရှင်းလွယ်ကူပြီး Google Account နဲ့ Login ဝင်အသုံးပြုနိုင်ပါတယ်.။ Trello ရဲ့ Card-based UI ဟာလဲ အမြင်ရှင်းသလို လွယ်ကူပါတယ်.။

Alternative: Asana

(2) IFTTT

Business တစ်ခုစတင်ပြီဆိုရင် နေ့စဉ်လုပ်ရမယ့်အလုပ်တွေထဲမှာ တစ်ချို့အလုပ်တွေကို Automatic ပြုလုပ်ဖို့ စီစဉ်ထားနိုင်ရင် အချိန်ကုန်သက်သာ၊ လူပင်ပန်းသက်သာမှာဖြစ်ပါတယ်.။ IFTTT ဟာ ဒီလိုကိစ္စမျိုးတွေအတွက် တည်ဆောက်ထားတာဖြစ်ပါတယ်.။ IFTTT မှာလောလောဆယ် Dropbox, Gmail အစရှိတဲ့ Service များမှသည် သင့်ရုံးက မီးလုံးတွေအထိ Service ပေါင်း 165 မျိုး ရရှိနေပြီဖြစ်ပါတယ်.။  IFTTT ရဲ့ အသုံးဝင်တဲ့ Feature တစ်ချို့ကတော့

သင့် Blog မှာ Update အသစ်တင်တိုင်း Social Media Pages တွေကို Auto Post တင်ခြင်း
သင့်ကုမ္ပဏီရဲ့ Industry အတွင်းမှာ သတင်းအသစ်သိရတိုင်း သင့်ကို Email ပို့ပေးခြင်း
မနက်တိုင်း အရေးကြီးတဲ့ Meeting စာရင်းကို သင့်ဖုန်းကို Notification ပို့ပေးခြင်း
စသည်ဖြင့် ဖြစ်ပါတယ်.။

Alternative Service: Dlvr.it

(3) SunRise Calendar

ကျွန်တော်ကိုယ်တိုင် အသုံးပြုနေတဲ့ Calendar ဖြစ်ပါတယ်.။ Android, iOS နဲ့ Web ပေါ်မှာ ရနိုင်ပြီး Google Calendar, Facebook Events အစရှိတဲ့ Service များနဲ့လဲ ချိတ်ဆက်နိုင်ပါတယ်.။ Clean ဖြစ်တဲ့ UI နဲ့ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းရှိပြီး အသုံးပြုရတာလဲ လွယ်ကူပါတယ်.။

Alternative Service: Cal, Todoist

(4) Mailchimp

Email Marketing Campaign တွေအတွက် အကောင်းဆုံး Service ကိုပြပါဆိုရင် MailChimp ကို ပြရမှာဖြစ်ပါတယ်.။ အတိုင်းအတာတစ်ခုအထိ Free အသုံးပြုနိုင်ပြီး Premium Feature တွေလဲ ဝယ်ယူနိုင်ပါတယ်.။ အလွယ်တကူ Campaign Setup လုပ်နိုင်ခြင်း၊ Email Design ကို Drag and Drop ပြုပြင်နိုင်ခြင်း၊ Email ပို့ပြီးတဲ့အခါမှာလဲ Result ကို အလွယ်တကူကြည့်ရှုနိုင်ခြင်း အစရှိတဲ့ Service တွေ ပါဝင်ပါတယ်.။

Alternative: AWeber, Constant Contact

(5) Slack

Slack ကတော့ Startup တွေအတွက် မသုံးမဖြစ်သုံးရမယ့် Service လို့ပြောလို့ရပါတယ်.။ Team တွေအတွက် Messaging Service ဖြစ်တဲ့အပြင် အခြားအသုံးဝင်တဲ့ လုပ်ဆောင်ချက်များစွာလဲ ပါဝင်ပါတယ်.။

Alternative: Hipchat

Written by: အောင်မွန်ချမ်း
www.myanmarleaders.com

No comments