သင့်အတွက် အချိန်ဘယ်လောက်ရမလဲ?
သင်ဟာ အသက် (၇၈) နှစ်အထိ အသက်ရှည်မယ်ဆိုပါစို့..
သင့်ဘဝရဲ့ သုံးပုံတစ်ပုံ (28.3) နှစ်ကို အိပ်စက်ခြင်းဖြင့် ကုန်ဆုံးပါသတဲ့..
(10.5) နှစ်တာကာလကို အလုပ်လုပ်ရင်း အချိန်ကုန်ပါသတဲ့..
(9) နှစ်တာကာလကို တီဗွီကြည့်ခြင်း၊ ဂိမ်းကစားခြင်း၊ Social Network တွေမှာ အချိန်ဖြုန်းခြင်းဖြင့် ကုန်ဆုံးပါသတဲ့..
(6) နှစ်တာကာလကို ကြမ်းတိုက်ခြင်း၊ တံမြက်လှည်း၊ သန့်ရှင်းရေးလုပ်ခြင်း စတဲ့အလုပ်တွေနဲ့ အချိန်ကုန်ပါသတဲ့..
(4) နှစ်တာကာလကို စားရင်းသောက်ရင်း ကုန်ပါသတဲ့..
(3.5) နှစ်တာကာလကို တစ်ခုခုကို သင်ကြားရင်း ကုန်ပါသတဲ့..
(2.5) နှစ်တာကာလကို ရေချိုးခန်း၊ အိမ်သာထဲမှာ ကုန်ဆုံးပါသတဲ့..
နောက်ထပ် (2.5) နှစ်တာကာလကို ဈေးဝယ်ခြင်းဖြင့် ကုန်ပြန်ပါသတဲ့..
(1.5) နှစ်တာကာလကို သင့်ကလေးအတွက် ကုန်ပါသတဲ့..
(1.3) နှစ်ကိုတော့ တစ်နေရာမှတစ်နေရာ သွားရင်းလာရင်း ကုန်ပါသတဲ့..
ဒါဆိုရင် သင့်အတွက် (9) နှစ် ကျန်ပါသေးတယ်.. အဲဒီ (9) နှစ်မှာ သင်ဘာလုပ်မလဲ?
တခြားသူအတွက်အလုပ်လုပ်မလား? ကိုယ့်အတွက်အလုပ်လုပ်မလား? အပျော်အပါးအတွက် ဖြုန်းပစ်မလား? အကျိုးရှိတာတွေအတွက်လုပ်မလား? အတ္တကြီးနေမလား? ပရဟိတလုပ်မလား? လေ့လာသင်ယူနေမလား? ရောရောယောင်ယောင် ဘာသိဘာသာနေမလား? ရည်းစားနဲ့ ဖုန်းကျူနေမလား? Internet မှာ အကျိုးရှိတဲ့စာတွေဖတ်နေမလား? Facebook မှာ ချက်နေမလား? Linkedin မှာ Oppotunity တွေရှာဖွေနေမလား? ဒီဘဝအတွက်လုပ်မလား? သံသရာအတွက်လုပ်မလား?
သင့်ပေါ်မှာပဲ မူတည်ပါတယ်..
Written by: အောင်မွန်ချမ်း
Source: Funders and Founders
Based on: US Population
Post a Comment