Leader နဲ့  Manager ဘယ်ဟာ ပိုကောင်းသလဲ။
Leadership နဲ့  ပက်သက်တဲ့ အကြောင်းတွေ အများကြီး ရှိပါတယ်။ Leader ကောင်းတစ်ယောက် ဖြစ်အောင် ဘယ်လို ကြိုးစားသင့်တယ်။ ဘာတွေ ကျင့်ကြံသင့်တယ်ဆိုပြီး ရေးထားတဲ့ အကြောင်းတွေ ဖတ်ဖူးမှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း လက်တွေ့ နည်းကျ leadership ဆိုပြီး ရေးခဲ့ဖူးတာ ရှိပါတယ်။
နောက်တစ်ခုကတော့ Leader နဲ့ Manager ကို ယှဉ်တွဲဖော်ပြထားတဲ့ ပုံတွေ ဆောင်းပါးတွေ လည်း ဖတ်ဖူးမှာပါ။ Manger က to do things right, Leader က to do right things ဆိုပြီး ယှဉ်ပြထားတာတွေလည်း ဖတ်ဖူးမှာပါ။ အဲ့လို မျိုးတွေ ဖတ်ပါများလာယင် တစ်ခါတစ်ရံ စိတ်ထဲမှာ ဒွိဟ ဖြစ်လာနိုင်ပါတယ်။ Manager ဆိုတာ မကောင်းဘူး။ Leader ပဲ ကောင်းတယ်။ Leader ဖြစ်ဖို့ ပဲ လိုတယ်ဆိုတဲ့ အတွေးမျိုးတွေ ပေါ်လာတတ်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲ့ဒီလို အတွေးမျိုး ပေါ်ခဲ့ဖူးပါတယ်။ နောက်တစ်ခု ပေါ်လာနိုင်တဲ့အတွေးကတော့ ယှဉ်ပြထားတာတွေကို ဖတ်ကြည့်ပြီး Leader နဲ့  Manager ကို ခွဲခြား ပြီး မြင်လိုက်တာပါပဲ။ Leader က သက်သက် Manager က သက်သက် ဆိုပြီး မြင်မိ ယူဆမိလိုက်ကြတာပါ။ တကယ်လည်း Leadership နဲ့  management ဆိုတာ သီးခြား ရပ်တည်နေတဲ့ အမူအကျင့်၊ skill တွေ ပါ။ အဲ့ဒီလို သီးခြား တည်ရှိနေတဲ့ အမူအကျင့်တွေ၊ skill တွေကို သီးခြားစီ ကျင့်သုံးနေမယ်ဆိုယင်တော့ leader နဲ့ Manager ဆိုတာ အမြဲ ကွားခြားမှု ရှိနေဦးမှာပါပဲ။
ဒီမှာ အရေးကြီးတဲ့ အချက်ကတော့ leader မှာရော Manager မှာရော အားနည်းချက်တွေ ရှိနေတာပါပဲ။ တော်တော်များများကတော့ Manager မှာ အားနည်းချက်တွေ ရှိနေတယ်ဆိုတာ သဘောပေါက်ပြီးသာ ဖြစ်မှာပါ။
ဒါပေမယ့် leader မှာလည်း အားနည်းချက်တွေ အပုံအပင်ပါ။ ကျွန်တော် အပေါ်မှာ ပေးခဲ့တဲ့ ဥပမာလိုပါပဲ။ leader တစ်ယောက်က အမြဲတမ်း do right things (မှန်တဲ့အရာကို ပဲလုပ်တယ်) လုပ်လို့ မရပါဘူး။ တစ်ခါတစ်ရံ အားလုံး အဆင်ပြေဖို့  do things right (မှန်အောင်လုပ်တယ်) လုပ်ယင် လုပ်ရမှာပါ။ အဲ့ဒီ things မှာ အကုန် အမှန် ဖြစ်ချင်မှ ဖြစ်မှာပါ။ မမှန်တာ လည်း ပါယင်ပါမှာပါ။ leader က ရေရှည်အတွက် စဉ်းစားပြီးလုပ်တယ်။ manager ကတော့ ရေတို အတွက်ပဲ စဉ်းစားပြီးလုပ်တယ်ဆိုပြီး ယှဉ်ပြထားပါတယ်။ ရေရှည်အတွက် စဉ်းစားနေတဲ့အချိန် အတွင်းမှာ နောက်လိုက်တွေ မိမိကို စွန့် ခွာသွားနိုင်ပါတယ်။ ဘာလို့ လဲဆိုတော့ ရေတို အောင်မြင်မှု ပျောက်ဆုံးနေတတ်လို့ ပါ။ Leader က focus on people ၊ manager က focus on system and structures ပေါ့။ အမြဲတမ်း focus on people လုပ်လို့ မရပါဘူး။ system နဲ့ structure ကို မေ့ထားလိုက်ယင် ခြစားမှုတွေ၊ စည်းကမ်းဖောက်ဖျက်မှုတွေ များလာမှာပါ။ ကြာယင် အုပ်ချုပ်လို့ တောင် ရချင်မှ ရပါတော့မယ်။ ဒါတွေကတော့ leadership ရဲ့  ဟာကွက်တွေပါ ပဲ။
Leader တစ်ယောက်က မိမိရဲ့ အဖွဲ့ သားတွေ မှာ မျှော်မှန်းချက်တွေ၊ ရည်မှန်းချက်တွေ ပေါ်လာအောင် အဖွဲ့ အစည်းရဲ့  ဦးတည်ချက်တွေ နားလည်လာအောင် ပြပေးနိုင်တဲ့ အရည်အချင်း ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲ့ဒီ လို ပြပေးနိုင်ရုံနဲ့  အောင်မြင်မှု မရနိုင်ပါဘူး။ မျှော်လင့်ချက်တွေ ဖော်ဆောင်ပေးပြီး အဲ့ဒီ မျှော်လင့်ချက်တွေ ပြည့်မှီအောင် မဖြည့်ဆည်းပေးနိုင်ယင် leader အပေါ် ထားရှိတဲ့ ယုံကြည်မှုတွေ ကျဆင်းလာမှာပါ။ အဲ့ဒီမှာ management experience လိုအပ်လာပါပြီ။ manager တစ်ယောက်ကဲ့သို့  ကျင့်သုံးရတော့မှာပါ။ ရည်မှန်းချက်တွေ၊ ဦးတည်ချက်တွေကို ရရှိနိုင်အောင် စနစ်တကျ စီမံကွပ်ကဲထိန်းချုပ်ပြီး ဆောင်ရွက်ရမှာပါ။ အဲ့ဒီ အခါမှာ management skill က လိုအပ်လာပြီး manager တစ်ယောက်ကဲ့သို့ စီမံရပါတော့မယ်။
အလားတူပဲ management ဘယ်လောက်တော်တဲ့ manager ဖြစ်ပါစေ အဖွဲ့ သားတွေကို ရည်မှန်းချက်တွေ မချပြနိုင်၊ စိတ်ခွန်အားတက်လာအောင် မလုပ်ဆာင်နိုင်လျှင် အောင်မြင်မှုက ရသင့်သလောက် မရနိုင်ပါဘူး။ ရယင်တောင် အတိုင်းအတာ တစ်ခု ထိပဲ ရနိုင်တယ်။ အပြည့် အ၀ မရနိုင်ပါဘူး။
ကဲ…….leader လဲ မကောင်းဘူး၊ Manager လဲ မကောင်းဘူး။ ဒါဆို ဘာဆက်လုပ်ကြမလဲ။ လုပ်လို့ ရပါတယ်။ Manager who lead ဆိုတာမျိုး ဖြစ်အောင် လုပ်လို့ ရပါတယ်။ အပေါ်မှာ ပြောထားသလို ပဲ သီးခြား ရပ်တည်နေတဲ့ အမူအကျင့်၊ skill တွေကို သင့်ဆီမှာ တစ်စုတစ်စည်းတည်း ရရှိနိုင်အောင် ကြိုးစားရမှာပါ။ leader တစ်ယောက်ကဲ့သို့ အဖွဲ့ ဝင်နောက်လိုက်တွေကို စိတ်ခွန်အား တက်လာအောင်၊ မျှော်မှန်းချက်တွေ ကို နားလည်လာအောင် လမ်းညွှန်ပေးနိုင်ရမယ်။ manager တစ်ယောက်ကဲ့သို့ လည်း မျှော်မှန်းချက်တွေကို ရောက်ရှိနိုင်အောင် စနစ်တကျ စီမံကွပ်ကဲ ထိန်းချုပ်နိုင်ရပါမယ်။ သီးခြားစီ လို့ ခွဲမမြင်လိုက်ပါနဲ့ ။ ခွဲမြင်လိုက်ယင် တစ်ခုက တစ်ခု ထက် ပိုကောင်းတယ်။ ပိုမကောင်းဘူးဆိုတဲ့ အတွေးတွေ ၀င်လာတတ်ပါတယ်။
ဒီ ဆောင်းပါးကို ရေးလိုက်တာဟာ ကျွန်တော့် ရဲ့  အမြင် သက်သက်ပါ။ တွေ့ ကြုံခဲ့ရတဲ့ အကြောင်းအရာတွေ ပေါ်မူတည်ပြီး ရေးလိုက်တာပါ။ ကျွန်တော့် ဘ၀မှာ အိပ်မက်တွေ အများကြီး ပေးခဲ့ပြီး အကောင်အထည် မဖော်ဆောင်နိုင်ခဲ့တဲ့ leader တော်တော်များများနဲ့ ကြုံခဲ့ ရဖူးသလို do things right ဆိုပြီး တာဝန်ပြီးပြတ်အောင်သာ လုပ်သွားခဲ့တဲ့ manager တော်တော်များများနဲ့ လည်း ကြုံခဲ့ဖူးပါတယ်။ manager who can lead the team လို့  ဆိုလောက်တဲ့ သူတွေနဲ့ လည်း ကြုံခဲ့ဖူးပါတယ်။ စာဖတ်သူတွေ အနေနဲ့ လည်း ကွဲပြားတဲ့ အတွေးအမြင်တွေ အတွေ့ အကြုံတွေ ရှိမှာပါ။ ဒါကြောင့် လွတ်လပ်စွာလည်း သဘောထား ကွဲလွဲနိုင်ပါတယ်။ ကျွန်တော် ပြောတာတွေ အားလုံး မှန်ပါတယ်လို့ မယူဆပါနဲ့ ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
ကိုဟိန်း (Prospect Myanmar)
Post a Comment